ကာမိုင်းမြို့တွင် ပြည်သူ့စစ်အဖွဲ့ ရှိသည့်နေရာ Drop ဗုံးဖြင့် တိုက်ခိုက်ခံရ

ကာမိုင်းမြို့တွင် ပြည်သူ့စစ်အဖွဲ့ ရှိသည့်နေရာ Drop ဗုံးဖြင့် တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ပြည်သူ့စစ်များ တပ်စွဲထားသည့် ကောင်ရာရပ်ကွက်ရှိ နတ် ကျော့ ခန်းမဆောင်ကို PDF တွေက ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်မှုခဲ့တယ်လို့ ရပ်မိရပ်ဖတွေက ပြောပါ တယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်မှာ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိတဲ့ ကာမိုင်းမြို့ ရပ်မိရပ်ဖတစ်ဦး ကပြောပါတယ်။

“Drop ဗုံးနဲ့ လာလုပ်ပြီးမှ  ပြန်ဆုတ်သွားတယ်။ ၁၂ နာရီပတ်ဝန်းကျင်လောက်မှာပါ။ အထိအခိုက်တော့ တစ်ယောက်မှ မရှိပါဘူး။ သူတို့ လာချတာဆိုတာကလည်း ခြိမ်းခြောက်တဲ့ သဘောပါ” လို့ ပြောပါတယ်။

ကာမိုင်းမြို့မှာ ယခုနှစ်အတွင်း ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရမှု နှစ်ကြိမ်ရှိခဲ့ပြီပြီး ထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ ညမှာပဲ ကာမိုင်း-လဝါးလမ်း ပေ ၉၀၀ တံတားအနီးမှာ ကာမိုင်းပြည်သူ့စစ် အဖွဲ့ဝင် တွေ စီးသွားတဲ့ ကားကို KIA၊ PDF ပူးပေါင်းအဖွဲ့က တားဆီးစဉ် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လဝါးလမ်းဆုံ စစ်ဆေးရေးဂိတ် အနီးတွင် ပြည်သူ့စစ်အဖွဲ့နဲ့ KIA တို့ကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ တုန်းကလည်း ထိတွေ့တိုက်ပွဲ တစ်နာရီကျော် အကြာ ဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ 

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...