မူဆယ်မြို့ အတွင်း စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ်ပစ်ခတ်နေ

မူဆယ်မြို့ အတွင်း စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ်ပစ်ခတ်နေ

သျှမ်းပြည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ ကံ့ကော်လမ်းခွဲတွင် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၁ ရက်နေ့၊ ည ၉ နာရီအချိန်မှ စပြီး ဟိုမွန်ရပ်ကွက်ရှိ ကံ့ကော်လမ်းခွဲမှ လုံခြုံရေးယူ နေသည့် စစ်ကောင်စီတပ်သည် သေနတ်ဖြင့် မိနစ် ၂၀ ခန့်ကြာအောင် မိုးပေါ်ပစ်ဖောက်ခဲ့ကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ သေနတ် မဖောက်ခင်ကတည်း အဲ့လမ်းမှာ လုံခြုံရေးယူနေတာ အပြည့်ပဲ။ ဘာသတင်းကြားလို့လည်း မသိဘူး။ ဆိုင်ကယ်တွေမကဘူး၊ လူကိုပါ စစ်တယ်။ ညရောက်တော့ အဲ့မှာ သူတို့သေနတ်ဖောက်တော့တာပဲ။ မိနစ် ၂၀၊ နာရီဝက်လောက် ကြာတယ်” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုထဲ ပြည်သူများ ထိခိုက်ဒဏ်ရာရသူ မရှိဘူးဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အနီးတဝိုက်ရှိ ပြည်သူများ ထိတ် လန့်ကြပြီး သေနတ်ကျည်လာထိမှန်မည်ကို စိုးရိမ်နေရကြောင်း ဆိုသည်။

“သေနတ်သံကြားတော့ လန့်တာပေါ့။ ဘုမသိဘမသိ သေနတ်ကျည်လာမှန်မှာကိုပဲ ကြောက်ရတယ်။ လူ့အသက် က လွယ်လွယ်မရဘူး။ ဘာအကြောင်းမှ မဟုတ်ဘဲ အဲ့လိုသေနတ်တွေ ဖောက်တော့ ကျနော်တို့ ပြည်သူတွေကို လုံခြုံရေး လုပ်ပေးမယ်မပြောနဲ့ ကျနော်တို့က သူတို့ကို ကြောက်နေရတယ်” ဟု အသက် ၃၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် သျှမ်း ပြည် မြောက်ပိုင်းအတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များ တွေ့ဆုံခဲ့ကြပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း အမှာစကားပြောကြားခဲ့သည်။

ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...
August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...