ယင်းမာပင်မြို့နယ်က စာသင်ကျောင်းတစ်ခုကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ယင်းမာပင်မြို့နယ်က စာသင်ကျောင်းတစ်ခုကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
စက်တင်ဘာလ ၁၀ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ယင်းမာပင်နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်း
စက်တင်ဘာလ ၁၀ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ယင်းမာပင်နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကြားကာလ ပညာသင်ကြားနေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က မနေ့က စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ် အနောက်ဘက်ခြမ်း ပွင့်ကြီးတောတိုက်ရွာမှာ ရှိတဲ့ စာသင်ကျောင်း၊ ဆေးခန်းနဲ့ ဘုန်းကြီး ကျောင်းကို Mi 35 ရဟတ်ယာဥ် အမျိုးအစားနဲ့ ၁နာရီ နီးပါးလောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနက်တွေနဲ့ ပါ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ဗုံးသီး ၁၇ လုံးနဲ့ စက်လက်နက်တွေနဲ့ ပစ်ခဲ့တာ ပျက်ဆီးသွားတာတော့ စာသင်ကျောင်းရယ် ကျောင်းမှာရှိတဲ့ ဆေးပေးခန်းလေးတစ်ခုရယ် တစ်ထပ်ကျောင်းဆောင်တစ်ခုရယ် အမိုးတွေစကာပေါက်ဖြစ်ကုန်တာပေါ့ ဒေသ ခံတစ်ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်“ လို့ ပြောပါတယ်။

အဲ့ဒီ စာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ ကျောင်းဖြစ်ပြီး ကျောင်းသား ၁၀၀ ကျော် အထက်တန်းအထိ ပညာသင်ပေးနေတဲ့ ကျောင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီစာသင်ကျောင်းက ကလေးငယ်တွေဟာ လေကြောင်း တိုက်ခိုက်ခံရတဲ့နေရာနဲ့ ၄ မိုင်လောက်အကွာမှာ ရှိတဲ့ ကပိုင်ရွာကနေ စစ်ဘေးရှောင်လာတဲ့ ကလေးငယ်တွေ ဖြစ်ပြီးတော့ ကျောင်းဆင်းချိန်ဖြစ်တဲ့ အတွက် ကလေး ငယ်တွေ အန္တရာယ်ကင်းခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

“စစ်ဘေးရှောင်တွေလို့လည်းပြောလို့ရတယ် ကပိုင်ရွာကမီးရှို့ခံရလို့ ဒီရွာအပြင်ဘက်ကိုရှောင်နေကြတာ အရင် က ကပိုင်ရွာနဲ့တွဲဖွင့်ခဲ့တဲ့ တွဲဖက်ကျောင်းတစ်ခုဘဲ ကလေးတွေကတော့ ကျောင်းဆင်းချိန်မို့ ဘေးကင်းခဲ့တာ ဝါတွင်းဥပုသ်ကြောင့် တနင်္ဂနွေလည်းကျောင်းဖွင့်ထားတာပါ” လို့ ယင်းမာပင်အနောက်ခြမ်းက ဒေသခံ အမျိုး သားတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ မေလ နောက်ဆုံးအပတ်ကလည်း ယင်းမာပင်မြို့နယ် ကပိုင်ရွာ အနီးက မြေသယ်တဲ့ ဖောကားနှစ်စီးကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း ပညာရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေ တိုက်ခိုက်ခံရတဲ့အထဲမှာ မြန်မာ နိုင်ငံလည်း ထိပ်ဆုံးစာရင်းတွေထဲ ပါဝင်နေတယ်လို့ နိုင်ငံတကာ ပညာရေး စောင့်ကြည့်ရေးအဖွဲ့ Global Coalition to Protect Education From Attack (GCPEA) က ထုတ်ပြန်ထားပါတယ်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...