ဒေ့ါဖုန်းယန်ဘက် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာ၍ ဒေသခံများ ကြိုတင်ထွက်ပြေး တိမ်းရှောင်နေရ

ဒေ့ါဖုန်းယန်ဘက် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာ၍ ဒေသခံများ ကြိုတင်ထွက်ပြေး တိမ်းရှောင်နေရ

ကချင်ပြည်နယ်၊ မြစ်ကြီးနား - ဗန်းမော်လမ်းမပေါ်ရှိ ဒေါ့ဖုန်းယန်ဘက်ကို စစ်ကောင်စီ စစ်ကြောင်းက လက် နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုး လာနေသည့်အတွက် ဒေါ့ဖုန်းယန်မြို့ထဲရှိ ပန်ကောင်းမှု နှင့် လုံဂျုံယန်ရပ်ကွက် ၂ ခုက ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

အဆိုပါ စစ်ကြောင်းမှာ စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းတွင် ကုန်းလောဘက်မှ တက်လာခြင်း ဖြစ်ပြီး ယနေ့ နံနက် ၆ နာရီခန့်က ဒေါ့ဖုန်းယန်ဘက်ကို ရောက်ရှိလာသောကြောင့် ဒေသခံများက ထွက်ပြေးတိမ်းရှောင်နေရ ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေါ့ဖုန်းယန်မှ ဒေသခံတစ်ဦးက “အခုစစ်ကြောင်းက ဒေါ့ဖုန်းယန်ထဲကို ဝင်လာဖို့ရှိနေတယ်။ ဒီမနက်လောက်က နေ လက်နက်သံတွေ အဆက်အပြတ် ကြားနေရတယ်။ အခုချိန်အထိ ကြားနေရဆဲပဲ။ တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ သူတို့က ဒီကိုဝင်လာဖို့အတွက် ပစ်ရှင်း ရှင်းရင်း တက်လာကြတာ။ သူတို့ဝင်လာတာက လမ်းမကြီး အတိုင်းလည်း မဟုတ်ဘူး။ ဒေါ့ဖုန်းယန်ရဲ့ အနောက်ကနေ တက်လာကြတဲ့ အဲ့ဒါကြောင့် အနောက်ဘက်မှာရှိတဲ့ ပန်ကောင်းမှုနဲ့ လုံဂျုံယန်  ရွာသားတွေ ထွက်ပြေးနေကြတယ်” ဟု ပြောသည်။

ကုန်းလောဘက်မှ စစ်ကား ၇ စီးနှင့် စစ်အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်တပ်စစ်ကြောင်းက ဗန်းမော် ကား လမ်းမကြီး အတိုင်းတက်လာခြင်း မဟုတ်ဘဲ ဒေါ့ဖုန်းယန်မြို့၏ အနောက်ဘက်မှ စစ်ကြောင်း ဝင်ရောက်လာရန် ရှိနေသည့် အတွက် ဒေါ့ဖုန်းယန်မြို့ အနောက်ဖက်ခြမ်းရှိ ပန်ကောင်းမှုနှင့် လုံဂျုံမှ ဒေသခံများက လုံခြုံနိုင်သည့် နေရာများတွင် တိမ်းရှောင်နေကြသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စက်တင်ဘာလ ၇ ရက်နေ့၊ နေ့ လည် ပိုင်းတွင် ကုန်းလောအထက် တိမ်ဖျားလမ်းဟုခေါ်သော လမ်းခုလပ်တစ်နေရာတွင် စောင့်ကြို တိုက်ခိုက် ခံခဲ့ရသေးသည်။

လက်ရှိတွင် ထိုစစ်ကောင်စီ စစ်ကြောင်းက ဒေါ့ဖုန်းယန်ရှိ ခလရ ၁၄၂ တပ်ရင်းထဲ ဝင်ရောက်ရန် ရှိနေပြီး ယခုကဲ့ သို့ ဝင်ရောက်လာသည့် အချိန်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုများကြောင့် ဒေသခံပြည်သူများက ထိခိုက် ဒဏ်ရာရရှိမှာကို စိုးရိမ်အပြင် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်။

ဒေါ့ဖုန်းယန်ဘက်သို့ တက်လာသည့် စစ်ကြောင်းက ယခုလဆန်းပိုင်းတွင် ဗန်းမော်ဘက်မှ စစ်သားများ၊ လက် နက်ရိက္ခာများ သယ်လာသည့် စစ်ကား ၁၀ စီးနှင့် တက်လာခြင်းဖြစ်ပြီး စက်တင်ဘာ ၅ ရက်နေ့တွင်လည်း ကုန်း လော မရောက်မှီ ဒါဆိုင်းကျေးအနီးတွင် KIA က တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် လက်ရှိတွင် အဆိုပါ စစ်ကြောင်းထဲ စစ်ကား ၇ စီးသာ ပါသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ဆိုသည်။ အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယပတ်ခန့်တွင်လည်း ဗန်းမော်မှ တက် လာသည့် စစ်ကား ၂၆ စီးပါ စစ်ကောင်စီ ယာဉ်တန်းမှာ ဒေ့ါဖုန်းယန်တွင် ရောက်ရှိနေပြီး ဖြစ်သည်။

Most read this week

December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...
Photo credit - CJ
December 8, 2025
ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့...