ရွှေကူမြို့မရဲစခန်း ဒရုန်းဖြင့် ၂ ကြိမ် ထပ်ပစ်ခံရ

ရွှေကူမြို့မရဲစခန်း ဒရုန်းဖြင့် ၂ ကြိမ် ထပ်ပစ်ခံရ

ကချင်ပြည်နယ် ရွှေကူမြို့ရှိ စစ်ကောင်စီတပ်၏ မြို့မရဲစခန်းကို စက်တင်ဘာလ ပထမပတ်အတွင်း ရွှေကူ K-PDF ဘက်က ဒရုန်းဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရွှေကူဒေသခံများက ပြောသည်။

ရွှေကူမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ မြို့မရဲစခန်းကို ရွှေကူ K- PDF တပ်ရင်း ၅ တပ်ဖွဲ့များက စက်တင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် တစ်ကြိမ်နှင့် စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် ၇ နာရီတွင် တစ်ကြိမ် ဒရုန်းနှင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်မှာ မှန်ကန်ကြောင်း ရွှေကူ K- PDF တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“အဓိက သူတို့ဘက်က တစ်ခုခုလုပ်နေမှမဟုတ်ဘူးကွာ တော်လှန်ရေးလုပ်နေပြီဆိုကတည်းက ကျွန်တော်တို့ ဘက်ကတော့ လုပ်စရာရှိတာ ဆက်လုပ်နေမှာပဲ။ သူတို့တွေရှိနေတိုင်း ဆက်လုပ်နေရမှာပဲ။”

အဆိုပါ မြို့မရဲစခန်းကို ရွှေကူ K-PDF တပ်ရင်း ၅ အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက မြို့မ ရဲစခန်းရှေ့လမ်းများကို ပိတ်ဆို့လိုက်သည့် အပြင် မြို့တွင်း နေရာအချို့၌ လမ်းသွားလမ်းလာ ပြည်သူများကို တစ်နာရီခန့် စစ်ဆေးရေး လုပ်ခဲ့သည်ဟု ရွှေကူဒေသခံတစ်ဦးက KNG ကိုပြောသည်။

“မြို့ထဲရဲစခန်းရှေ့တော့ ဒီမနက်ခနပိတ်ထားတယ် ပြီးတော့ မြို့ထဲက တချို့နေရာတွေမှာ စစ်ဆေးခဲ့ကြတယ်။ အခုတော့ ရဲစခန်းရှေ့သွားလာနေကြတယ်။”

ရွှေကူမြို့ရဲစခန်းတွင် ဇွန်လကစပြီး လတိုင်း ပစ်ခတ်တိုက်ခိုက်ခံရမှုများ ခပ်စိပ်စိပ် ဖြစ်လာနေသည့်အတွက် မြို့မရဲစခန်းက ရဲဝန်ထမ်းမိသားစုများမှာလည်း ရွှေကူတပ်စခန်းဘက် ပြောင်းရွှေ့နေထိုင်နေကြရာ ရဲစခန်းတွင် စစ်ကောင်စီတပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအပြင် စစ်သားအင်အား ၅၀ ကျော်ခန့်က လုံခြုံရေး ယူထားကြ သည်။

စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ကာ ညအိပ်စောင့်ပေးနေသော်လည်း မြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ မှုများ ဆက်တိုက်ကြုံတွေ့နေကြရဆဲ ဖြစ်သည်ဟု ရွှေကူမြို့ခံများက ဆိုသည်။

ရွှေကူမြို့မရဲစခန်းမှာ ဇွန်လထဲ ၃ ကြိမ်၊ ဇူလိုင်လထဲတွင် ၂ ကြိမ်နှင့် ဩဂုတ်လတွင် ၃ ကြိမ် ဒရုန်းနှင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီး ဩဂုတ်လ ၁၆ ရက်နေ့ တိုက်ခိုက်ခံရမှုထဲ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

စစ်တပ်ဘက်က ရဲမှူးတစ်ဦးအပါအဝင် နယ်ထိန်း ၂ ဦး၊ သာမန်ရဲဝန်ထမ်း တစ်ဦး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည် ဟု ဒေသခံများက ဆိုသည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...