အင်းလေး ဖမ်းခံရသည့် မိသားစုဝင် ၄ ဦးထဲမှ ကလေး ၂ ဦး ပြန်လွှတ်ပြီး၊ မိဘ ၂ ဦး ဖမ်းဆီးထားခံရဆဲ

အင်းလေး ဖမ်းခံရသည့် မိသားစုဝင် ၄ ဦးထဲမှ ကလေး ၂ ဦး ပြန်လွှတ်ပြီး၊ မိဘ ၂ ဦး ဖမ်းဆီးထားခံရဆဲ
CJ (စစ်ကောင်စီ ဖမ်းဆီးသွားသည့် မိသားစု)
CJ (စစ်ကောင်စီ ဖမ်းဆီးသွားသည့် မိသားစု)

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ ဖမ်းဆီးခေါ်ဆောင်ခံရသည့် မိသားစုဝင် ၄ ဦးထဲမှ ကလေးနှစ်ဦး ပြန်လည် လွှတ်လာပြီး၊ မိဘ ၂ ဦးကို ဖမ်းဆီးထားဆဲဟု နီးစပ်သူများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ်သား နှင့် ရဲတပ်ဖွဲ့တို့ သြဂုတ် လ ၂၈ ရက်နေ့ ညနေပိုင်းတွင်  အင်းလေး သပြေပင်သစ် အမှတ် (၃) ကျေးရွာနေ မိသားစု ၄ ဦးကို ဖမ်းဆီးခဲ့ သည်။

ထို့ဖမ်းဆီးမှုအပြီး မိသားစုဝင် (၄) ဦးမှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး နှင့် အသက် ၁၅ နှစ်အရွယ် အမျိုး သား လူငယ်တစ်ဦးကို သြဂုတ်လ ၃၁ ရက်နေ့တွင် ပြန်လည်လွတ်ပေးခဲ့ရာ မိဘ (၂) ဦးကို လက်ရှိအချိန်ထိ မည် သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရသေးကြောင်း  ၎င်းနှင့် နီးစပ်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကလေးနှစ်ယောက်တော့ ပြန်လွတ်လာပြီ။ သူ့အဖေ၊ အမေတွေတော့ ပြန်မလွတ်လာသေးဘူး။ သတင်းလည်း လုံးဝ အစအန မရဘူး။ ကလေးတွေကတော့ အိမ်ပြန်ရောက်သွားတယ်။ သူတို့ စိတ်အခြေအနေက အရမ်းကို ကြောက်နေတာ။ ဘာမှမပြောရဲဘူး။ သူတို့ဆွေမျိုးတွေလည်း ကြောက်နေတယ်“ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းလေး အမျိုးသမီးသမဂ္ဂ အဖွဲ့အစည်းမှ အမည်မဖော်လိုသူတစ်ဦးက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသတွင် ဖမ်းဆီးခံရသည့် အမျိုးသမီးများရှိပြီး အချို့သည် ပြန်လည်လွတ်မြောက်လာသော်လည်း အချို့မှာ တောင်လေးလုံးထောင်အတွင်း ပြန်လည် ဖမ်းဆီးခံထားရဆဲကြောင်း ဆိုသည်။

“အမျိုးသမီးတွေရဲ့ ဘဝက လုံးဝ လုံခြုံမှုမရှိဘူး။ အချိန်မရွေး ထိခိုက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေပါ။ ညဖက် သွားလာဖို့ မပြောနဲ့၊ အိမ်မှာနေရင်တောင် အချိန်မရွေး အန္တရာယ်ရှိတယ်။ အချိန်မတော် ဝင်ရောက်ဖမ်းဆီး ခေါ် ဆောင်မှုတွေရှိပြီး အမျိုးသမီးတွေအတွက် အကာအကွယ် မဲ့နေလို့ပါ“ ဟု အင်းလေးအမျိုးသမီးသမဂ္ဂမှ အမည် မဖော်လိုသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ  ၂၃ ရက်တွင် အင်းလေးဒေသ ဟဲယာရွာမကျေးရွာဘက် ညကင်းလှည့်သည့် စစ်ကောင်စီ တပ်ဖွဲ့နှင့် ပျူစောထီးတို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးချော့သိပ်နေသည့် နေအိမ်ထဲရှိ အမျိုးသမီးတစ်ဦး၏ နားထင်ကို သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးခဲ့သည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသတွင် ပြည်သူများ၏ လုံခြုံရေး အခြေအနေ သည် ၈၉ ရာခိုင်နှုန်း မရှိကြောင်း အင်းလေးဒေသ အဖွဲ့အစည်းဖြစ်သည့် JMC- Innlay မှ စုစည်းထားသည့် သတင်း အချက်အလက်များအရ သိရသည်။

ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...
August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...