အမိန့်ရအရက်ဆိုင်ဝင်စီးခံရပြီး ဆိုင်ရှင်အမျိုးသား ပစ်ခံရ၊ ဇနီးဖြစ်သူကို ဖမ်းဆီးသွား

အမိန့်ရအရက်ဆိုင်ဝင်စီးခံရပြီး ဆိုင်ရှင်အမျိုးသား ပစ်ခံရ၊ ဇနီးဖြစ်သူကို ဖမ်းဆီးသွား
ပစ်ခတ်ခံရတဲ့ အမိန်းရအရက်ဆိုင်
ပစ်ခတ်ခံရတဲ့ အမိန်းရအရက်ဆိုင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းရပ်ကွက်မှာရှိတဲ့ အမိန့်ရ အရက်ဆိုင်တစ်ဆိုင်ကို အမည်မသိ သေနတ် သမားတွေက ဝင်စီးခဲ့ပြီး ဆိုင်ရှင် အမျိုးသားကို‌ သေနတ်နဲ့ပစ်ကာ ဓါးနဲ့မွှန်းခဲ့တဲ့အပြင် ဇနီးဖြစ်သူကို လည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင်မှာ အရပ်ဝတ်နဲ့ လူငယ် ၃ ယောက်မှာ ကားနဲ့ဝင်ရောက်လာခဲ့ပြီး ဆိုင်ထဲမှာ သေနတ်နဲပ ပစ်ခတ်ခဲ့တဲ့အတွက် ဆိုင်ရှင် အမျိုးသားအပါအဝင် ဆိုင်ထဲမှာရှိတဲ့ အမျိုးသာ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ယောက်ကျားက သေနတ်ဒဏ်ရထားတဲ့ဟာ ဓါးနဲ့လည်း မွှန်းခဲ့တာတဲ့ မိန်းမကိုတော့ ဓါးထောက်ပြီး ဖမ်းသွား တယ်လို့ သိရတယ်” လို့ လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံသွားရသူကတော့ ကိုရှမ်းလေးရဲ့ ဇနီး နန်းမွန်အောင်ဆိုသူဖြစ်ပြီး ကိုရှမ်းလေးကိုတော့ ဖားကန့်ဆေးရုံ ကို ပို့ဆောင်ထားပြီလို့ လုံးခင်း ဒေသခံက ဆက်ပြောပါတယ်။

ဖားကန့်မှာ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းကလည်း လုံးခင်းရပ်ကွက် ငါးပစ်ဂိမ်းဆိုင်တစ်ဆိုင် ဝင်စီးခံရပြီး ဆိုင်မန်နေဂျာ တစ်ယောက် ပစ်သတ်ခံရတဲ့အပြင် ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ လုံးခင်းရပ်ကွက် ပြည့်စုံ ကောင်း ထမင်းဆိုင်ရှေ့ ပစ်ခတ်မှုနဲ့ ဇူလိုင်လ ၂၆ ရက်ညမှာတော့ စဗျစ်ခူးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် ဖားကန့်မြို့ထဲမှာ အွန်းလိုင်းပေါ်ကနေ ငွေခြိမ်းခြောက်တောင်းခံတာ လမ်းသွားလမ်းလာ ဓါးမြတိုက် ခံရတာတွေဟာ ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။

ဒါပေမယ့် ဒီခိုးဆိုးလုယက်မှု ဓါးပြတိုက်ခံရမှု ပြန်ပေးဆွဲခံရမှု အားလုံးကိုတော့ ဖားကန့်မှာရှိနေကြတဲ့ လက်နက် ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက် ပေးစေချင်တယ်လို့လည်း ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အခု ကျမတို့မှာ ဘယ်သွားသွား လုံခြုံမှု မရှိဘူး။ ကြောက်နေရတာ။ အိမ်ထဲတောင် မနေရဲတဲ့ အဆင့်ဖြစ်လာနေ တယ်။ အဲ့ဒါကြောင့် အာဏာရှိတဲ့သူတွေ ဖြေရှင်းပေးစေချင်တယ်” လို့ ပြောပါတယ်။

ဖားကန့်မှာ ဒီလိုခိုးဆိုးလုယက်မှု ကိစ္စအဝဝနဲ့ ပတ်သက်ပြီး ကာကွယ်ရေးတပ်ဘက်ကို ဆက်သွယ်မေးမြန်းရာမှာ တော့ ကာကွယ်ရေးတပ်က ကျူးလွန်တာမရှိဘူးလို့ ပြောဆိုပါတယ်။

ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ဖားကန့်မြို့နယ် ရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဇူလိုင်လ ၂၇ ရက်နေ့ အထိဆက်သွယ်လို့ မရသေးပါဘူး။

Crd (ဟုမ္မလင်းမြို့နယ်အတွင်း သွားလာနေသည့် (SNA) တပ်ဖွဲ့ဝင်များ)
July 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ်တွင် စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့များက နေ့ခင်းဘက်၌ပါ...
July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...