ဟုမ္မလင်းနယ်က ဒေသခံတွေကို ရွာကနေ နေရပ်စွန့်ခွာဖို့ ရှမ်းနီတပ်က အမိန့်ထုတ်

ဟုမ္မလင်းနယ်က ဒေသခံတွေကို ရွာကနေ နေရပ်စွန့်ခွာဖို့ ရှမ်းနီတပ်က အမိန့်ထုတ်
ရှမ်းနီအမျိုးသားတပ်မတော် SNA
ရှမ်းနီအမျိုးသားတပ်မတော် SNA

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက လွှစင်ကုန်းကျေးရွာနှင့် မြောက်ရွာက ဒေသခံတွေကို အိုးအိမ် စွန့် ခွာပြီး တိမ်းရှောင်ကြဖို့ ရှမ်းနီးအမျိုးသား တပ်မတော် (SNA) က အမိန့်ထုတ်ထားပါတယ်။

ဟုမ္မလင်းမြို့၊ လွှစင်ကုန်းကျေးရွာမှာ တပ်စွဲ နေထိုင်ထားတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၂၂ ရက်နေ့က ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ရေးတင်းမာနေတဲ့အတွက် ရှမ်းနီတပ်ပါ အဲ့ဒီရွာတွေထဲ ဝင်ရောက် တပ်စွဲတော့မှာ ဖြစ်လို့ အခုလို ရွာကနေ တိမ်းရှောင်ကြဖို့ ပြောလာတာလို့ ဆိုပါတယ်။

လွှစင်ကုန်းနဲ့ မြောက်ရွာထဲ ဝင်ရောက်တပ်စွဲတော့မှာဖြစ်လို့ အဲ့ဒီ ရွာ ၂ ရွာစလုံး ဒေသခံပြည်သူတွေအနေနဲ့ တိမ်း ရှောင်ကြဖို့ SNA ကနေ အမိန့်ထုတ်ထားတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦးက KNG ကို အခုလို ပြောပါ တယ်။

“စာလည်းထုတ်ထားတယ်တဲ့ ပြီးတော့ အိမ်တိုင်းလိုလိုမှာလည်းလာပြောတယ် လွှစင်ကုန်းနဲ့ မြောက်ရွာကလူ တွေ ရွာထဲမနေကြဖို့ပေါ့ပစ္စည်းတွေလည်း အကုန်သယ်သွားကြလို့ပြောလို့ပြည်သူတွေက ပစ္စည်းတွေ အကုန် မရွှေ့ပြီးသေးပါဘူး။ အခု ပြောင်းကြ ကုန်ပြီ ဒီနေ့ကနေ” လို့ သူကပြောပါတယ်။

SNA က စာနဲ့ အမိန့်ထုတ်ထားသလို ဇူလိုင် ၂၅ ရက်နေ့ ညကလည်း တစ်အိမ်တက် တစ်အိမ်ဆင်း ပြောဆိုထား တာကြောင့် ဒေသခံတွေဟာ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းကနေ စပြီး ရွာကနေ စွန့်ခွာသွားကြတယ်လို့ဆို ပါတယ်။

“အရင်ကလည်း ရွှေ့ခိုင်းတာတော့ ရှိတယ်။ ဒါပေမယ့် လူပဲရွှေ့ခိုင်းတာ။ အခုက လူကောပစ္စည်းတွေ ကော အကုန်သယ်သွားကြလို့ ပြောတယ်။ သူတို့ရှမ်းနီတပ်တွေ စစ်ကောင်စီတပ်နဲ့ ပေါင်းပြီး ဒီမှာတပ်ထိုင်တော့ မယ် ပေါ့။ အဲ့လိုပြောပြီး ရွှေ့ခိုင်းတာ” လို့ အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။

SNA တပ်က ပြောင်းရွှေ့ ခိုင်းထားတာကြောင့် လက်ရှိ မြောက်ရွာနှင့် လွှစင်ကုန်းရွာ ဒေသခံတွေဟာ ဟုမ္မလင်းမြို့ ပေါ်၊ နောင်ပိုအောင်ရွာနဲ့ တခြားနီးစပ်ရာ ကျေးရွာတွေက အသိဆွေမျိုးတွေရဲ့ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေ မှာ ရောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွှစင်ကုန်းနဲ့ မြောက်ရွာ ဒေသခံတွေဟာ ဇူလိုင် ၂၂ ရက်နေ့ကလည်း တိုက်ပွဲကြောင့် တစ်ကြိမ် ထွက်ပြေးတိမ်း‌ ရှောင်ခဲ့ရ ပြီး ဇူလိုင် ၂၄ ရက်နေ့ ညပိုင်းကနေ နေရပ်ကို ပြန်ဝင်ခဲ့ကြရာ ဇူလိုင်လ ၂၆ ရက်နေ့မှာ ထပ်ပြီး တိမ်း ရှောင်ကြရတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့ ကလည်း ဟုမ္မလင်းမြို့နယ်ထဲက ဘိုကုန်းကျေးရွာ ရဲကင်းစခန်းကို PDF တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိပြောင်းရွေ့ခိုင်းတဲ့ လွှစင်ကုန်းနဲ့ မြောက်ရွာဟာ ဟုမ္မလင်း နဲ့ ၁၂ မိုင်လောက် ကွာဝေးပြီး လွှစင်ကုန်းမှာ အိမ်ခြေ ၈၀ လောက်နဲ့ မြောက်ရွာမှာတော့ အိမ်ခြေ ၁၀၀ နီးပါးရှိတာ ဖြစ်ပါတယ်။

Crd (ဟုမ္မလင်းမြို့နယ်အတွင်း သွားလာနေသည့် (SNA) တပ်ဖွဲ့ဝင်များ)
July 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ်တွင် စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့များက နေ့ခင်းဘက်၌ပါ...
July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...