ရွှေကူနယ် ကျောက်ကြီးဘက်တက်သွားတဲ့ စစ်ကြောင်းမှာ စစ်တပ်ထောက်ခံသူ အရပ်သား ၃၀ ကျော်ပါဝင်

ရွှေကူနယ် ကျောက်ကြီးဘက်တက်သွားတဲ့ စစ်ကြောင်းမှာ စစ်တပ်ထောက်ခံသူ အရပ်သား ၃၀ ကျော်ပါဝင်

ကချင်ပြည်နယ် ရွှေကူမြို့နယ် အနောက်ဘက် ဧရာဝတီ မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျောက်ကြီးကျေးရွာဘက် ကို တက်လာတဲ့ စစ်ကြောင်းမှာ စစ်တပ်ထောက်ခံတဲ့ အရပ်သား ၃၀ ကျော်ဟာ စစ်သားအသွင်ယူပြီး စစ်ကြောင်းမှာ ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက ရွှေကူမြို့ကနေ ကျောက်ကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးသွားတဲ့ အင်အား ၈၀ ကျော်ပါတဲ့ ခလရ ၁၀ စစ်ကြောင်းဟာစစ်သား အင်အား ၅၀ လောက်သာပါဝင်ပြီး စစ်တပ်ထောက်ခံသူနဲ့ ပျူစောထီး အင်အား ၃၀ ကျော်ပါဝင်နေတယ်လို့ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ရွှေကူမြို့ခံ အမျိုးသား တစ်ဦးက KNG ကို ပြောပါတယ်။

“အခုတက်သွားတဲ့ စစ်ကြောင်းဟာ နဂိုက အင်အား ၈၀လောက်ရှိတာ ရွှေကူပြန်ဝင်တော့ ၅၀ ကျော်ပဲကျန်တာ လမ်းမှာတိုက်ခိုက်ခံရတော့ ကျကုန်တာလေး အဲ့ဒါ အခုပြန်ဝင်သွားတော့ ၅၀၀၀ စား (တပ်ထောက်ခံသူနဲ့ ပျူ စောထီး) တွေ ၃၀ ကျော်နဲ့ အင်အား ၈၀ လောက်ပြန်တက်သွားတယ် တချို့က ရွှေကူမြို့ပေါ်က တချို့က တော ပုန်းရွာထဲက ပါသွားတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းနှင့် ပါသွားသည့် တပ်ထောက်ခံသူ ၃၀ ကျော်တွင် အများစုဟာ ရွှေကူမြို့ကဖြစ်ပြီး တောပုန်းကျေးရွာမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လူငယ်မတွေလည်း ပါဝင်ကြောင်း ဒေသခံ တွေက ပြောပါတယ်။

“သူတို့ကို သေနတ်ပေးကိုင်ထားတာ မတွေ့ရဘူး ဟိုရောက်ရင်တော့ မသိဘူး။ ပေးကိုင်ရင် ကိုင်ခိုင်းမှာ စောင့် ကြည့်နေတယ်။ ကျနော်တို့လည်း တောပုန်းရွာက အစိမ်း(ကြံ့ခိုင်ရေး)တွေ များတယ်လေ။ အဲ့ဒါကြောင့် တောပုန် က လူတွေလည်းပါသွားတယ်”လို့ မျက်မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေကူမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ခြမ်းဒေသတွေမှာ စစ်တပ်က မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက် တာတွေကြောင့် ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်တပ်တို့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဖြစ်သလို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကာကွယ်ရေးတပ် တွေက စောင့်ကြိုတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီစစ်ကြောင်းထဲ ပါဝင်နေတဲ့တပ်ထောက်ခံသူတွေဟာ ရွှေကူမြို့နဲ့ ၅မိုင်ခန့်ဝေးတဲ့ တောပုန်း ကျေးရွာက ဖြစ်ပြီး အိမ်ခြေ ၂၅၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီထဲမှာမှ အိမ်ခြေအများစုက စစ်တပ်ထောက်ခံသူတွေ ဖြစ်တာကြောင့် အခုလိုစစ်ကောင်စီ စစ်ကြောင်းနဲ့ ပူးပေါင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်သားတွေနဲ့ ပူးပေါင်းပြီး တက်သွားတဲ့ ခရလ ၁၀ စစ်ကြောင်းဟာ ဇူလိုင်လ ၂၀ ရက်ကျော်ကလည်း အင် အား ၈၀ ကျော်နဲ့ ကျောက်ကြီးဘက်ကို စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ၂ ကြိမ် ထက် မနည်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရသူ ၂၀ ကျော်ရှိခဲ့လို့ တပ်ပြန်ဆုတ်ခဲ့ပြီးနောက် အရပ်သားတွေနဲ့ အင်အားဖြည့်ပြီး စစ်ကြောင်းပြန် တက်သွားတာဖြစ်ပါတယ်။

ဓါတ်ပုံ - ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ စစ်ကောင်စီ စစ်ကြောင်း

Crd (ဟုမ္မလင်းမြို့နယ်အတွင်း သွားလာနေသည့် (SNA) တပ်ဖွဲ့ဝင်များ)
July 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ်တွင် စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့များက နေ့ခင်းဘက်၌ပါ...
July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...