ကျပ်နှစ်သောင်းတန် ထုတ်မည့်သတင်းကြောင့် ကျပ်ငွေတန်ဘိုးစျေးကျ၊ ငွေလွှဲလုပ်ငန်းများ ရပ်နားထားရ

ကျပ်နှစ်သောင်းတန် ထုတ်မည့်သတင်းကြောင့် ကျပ်ငွေတန်ဘိုးစျေးကျ၊ ငွေလွှဲလုပ်ငန်းများ ရပ်နားထားရ

စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့တွင် အသစ်ထုတ်ဝေမည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူ သတင်းထုတ်ပြန် အပြီး နာရီပိုင်းအတွင်း မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက်စျေးကျသွားသည့်အတွက် ထိုင်း-မြန်မာနယ်စပ် ငွေလွှဲ လုပ်ငန်းများ ရပ်တန့်သွားသည်အထိ ဖြစ်နေကြောင်း ထိုင်း-မြန်မာငွေကြေး ငွေလွှဲ/ငွေလဲလုပ်ငန်း လုပ်ကိုင်သူ များက ပြောသည်။

နယ်စပ် မြဝတီမြို့တွင် ဇူလိုင်လ ၂၂ ရက်နေ့က မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၁၁၅ ဘတ်မှ ဇူလိုင် ၂၃ ရက် နေ့၊ နံနက်တွင် မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၀၀၀ ဘတ်အထိ စျေးကျသွားသည့်အတွက် ထိုင်း-မြန်မာ နယ်စပ်ရှိ ငွေလွှဲ/ငွေလဲလုပ်ငန်းများ ရပ်တန့်သွားရသည်ဟု နယ်စပ် ငွေကြေးငွေလွှဲ/ငွေလဲ လုပ်ကိုင်သူတစ်ဦးက ပြောသည်။

မဲဆောက် စျေးကြီးမှ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “အခု ညနေပိုင်းမှာ ထိုင်း ဘတ်ငွေ ၁၁၁၀ ကနေ ၁၀၀၀ ဘတ်အထိ ထိုင်းဘတ်ငွေ စျေးတက်ပြီး မြန်မာ ကျပ်ငွေ တန်ဖိုးကျသွားတယ်။ နောက်ဘယ်လို ဆက် တိုက် စျေးကျမလဲမသိတော့ ငွေလွှဲ/ ငွေလဲ တာတွေရပ်ထားကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင်မူ ထိုင်း-မြန်မာ နယ်စပ် ငွေကြေးစျေးကွက်မှာ မြန်မာကျပ်ငွေမှ ထိုင်းဘတ်ငွေလဲလှယ် ပါက မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၀၀၀ ဘတ် ပေါက်စျေးရှိနေပြီး ထိုင်ဘတ်ငွေကို မြန်မာကျပ်ငွေ လဲလှယ် ပါက ၁၁၂၀ ဘတ်ကို မြန်မာငွေ ၁ သိန်း ပေါက်စျေးဖြင့် စျေးဖွင့်ထားသော်လည်း ငွေလဲသူ၊ ငွေလွှဲသူ များ အခက်တွေ့နေကြသည်ဟု ဆိုသည်။

မြန်မာပြည်တွင်းကို ထိုင်းမှ ငွေလွှဲပေးတဲ့ လုပ်ငန်းလုပ်သူတစ်ဦးက “ဒီနေ့ မြန်မာပြည်ထဲကို ထိုင်းကနေ ငွေလွှဲ တာတွေ လုပ်ဖို့ ခက်နေတယ်။ မြန်မာ ပြည်ဘဏ်တွေလည်း ပြည်တွင်းနေရာတွေကို ငွေပို့လွှဲဖို့ ဘဏ်အကောင့် တွေ စစ်ဆေးတာ၊ အွန်လိုင်းဘဏ်စနစ်ကို သုံးဖို့ အင်တာနက် ခက်ခဲနေတာတွေ ဖြစ်နေ တယ်။ ငွေလွှဲမရတာ၊ တဘက်က ပို့ချင်တဲ့ သူရဲ့အကောင့်ဆီကို မရောက်တာတွေ ဖြစ်နေတယ်။ အခု ထိုင်းကနေ ပြည်တွင်းကို မြန်မာ ငွေလွှဲတာတွေ ရပ်ထားရတယ်” ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက် မြဝတီမြို့ဘက်မှ နေထိုင်သူများ ငွေကြေးစျေးများ အဆမတန် ကွာဟလာနေ သလို အခြေခံလူတန်းစားများ၏ လုပ်ခလစာဝင်ငွေနှုန်းများ ဆက်တိုက်ကျဆင်းကာ လူမှုစီးပွားဘဝများ ပိုမို ခက် ခဲလာနေကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

ထို့အတူ မြို့အနီးဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များတိုက်ပွဲဆက်ဖြစ်ရန် စစ်ရေးပြင်ဆင်မှုများ ရှိနေခြင်းကြောင့် မြို့ပေါ် လုပ်ငန်းရှင်များနှင့် တစ်ပိုင်တစ်နိုင် အလှူရှင်များပေးဝေသည့် စားစရာနှင့် ဆန်ရိ က္ခာကိုသာ အားကိုးနေထိုင်ရသည့် ဒေသခံမိသားစုများပိုများလာနေကြောင်း မြဝတီ မြို့ အခြေစိုက် ပရဟိတ လုပ်ဆောင်ကူညီနေသူများက ပြောသည်။

August 7, 2026
ကရင်အမျိုးသားအစည်းအရုံး-KNU မူတြော် (ဖာပွန်) ခရိုင်အတွင်း စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး...
ဓာတ်ပုံ - AKY
August 7, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ အိုင်သပြုကျေးရွာအပါအဝင် ကျေးရွာ အများ...
ဓာတ်ပုံ - AP
August 6, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင်...
ဓာတ်ပုံ - Amarin News (Crd)
August 6, 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင်နှင့် တွေ့ဆုံရန် မြန်မာစစ်အုပ်စု ခေါင်းဆောင်...