မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်း၊ ကျပ်ငွေတစ်ရာလျှင် ထိုင်းငွေတစ်ဘတ်နှုန်းဖြစ်နိုင်ခြေရှိ

မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်း၊ ကျပ်ငွေတစ်ရာလျှင် ထိုင်းငွေတစ်ဘတ်နှုန်းဖြစ်နိုင်ခြေရှိ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် မြန်မာကျပ်ငွေလဲနှုန်းတန်ဖိုးမှာ နေ့စဉ် ဆက်တိုက် ကျဆင်းနေသောကြောင့် မြန် မာကျပ်ငွေတစ်ရာကို ထိုင်းငွေတစ်ဘတ်နှုန်းနီးပါးဖြစ်လာနေကြောင်း မြဝတီမြို့ခံများက ပြောဆိုနေကြ သည်။

စစ်တပ်က အာဏာသိမ်းပြီးခါစတွင် မြန်မာကျပ်ငွေတစ်သိန်းကို ထိုင်းဘတ်ငွေ တစ်ထောင့်ငါးရာ(၁,၅၀၀)ခန့် ငွေလဲ နှုန်းပေါက်စျေးရှိနေရာမှ အာဏာသိမ်းကာလ ၂နှစ်ကျော်အကြာ၌ ငွေစျေးမှာ ကျပ်ငွေတစ်သိန်းကို ဘတ် ငွေ (၁,၁၁၅) ဘတ်အထိ ကျဆင်းသွားကြောင်း မြဝတီမြို့ခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

၎င်းက “အခု ဘတ်စျေးက ကျပ်ငွေ တစ်သိန်းကို ထိုင်းဘတ်ငွေ ထောင့်တစ်ရာဆယ့်ငါးဘတ်ပဲ ရတော့တယ်။ အဲ့လိုဆို တော့ ကျပ်ငွေတစ်ရာကို တစ်ဘတ်ဖြစ်ဖို့ နီးလာပြီလေ။ စစ်တပ်ဘဏ် နှစ်ခုကို နိုင်ငံခြား ဒေါ်လာငွေ တွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူလိုက်တာမှာ မြန်မာငွေစျေးက တစ်နေ့ထက်တစ်နေ့ ပိုကျဆင်းလာတော့ ထိုင်းကုန်စည်တွေ စျေးထိုးတက်လာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုကဲ့သို့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေသောကြောင့် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ နှစ်မျိုးစလုံး သုံးစွဲ ကြသည့် မြဝတီမြို့ဘက်တွင် ကုန်ရောင်း၊ ကုန်ဝယ်နှင့် နေထိုင်စားသောက်မှုစရိတ်များ မြင့်တက်လာနေပြီး ကုန် သည်များအနေဖြင့် ကုန်ပစ္စည်းတင်သွင်းရန် အမေရိကန်ဒေါ်လာငွေ လဲလှယ်ချေပေးရာတွင် ဒေါ်လာငွေ ဝယ်ယူ ၍ မရဘဲဖြစ်နေကြောင်းလည်း မြို့ခံများက ဆိုသည်။

မြဝတီ-မဲဆောက် ထိုင်းကုန်စည်တင်သွင်းသူ ကုန်သည်တစ်ဦးက “ကုန်သည်တွေဆို မဲဆောက်၊ ဘန်ကောက်က ထိုင်းပစ္စည်းဝယ်တာ၊ သွင်းတာက ဒေါ်လာငွေနဲ့ ငွေချေရတာဆိုတော့ ဘတ်ငွေကနေ ဒေါ်လာဝယ်ဖို့လည်း မလွယ်ဘူး ဖြစ်နေတယ်။ ရန်ကုန်မှာ တစ်ဒေါ်လာ ကျပ်ငွေ (၃၂၀၀) ပေါက်တယ်။ ငွေကတော့ ဝယ်လို့မရဘူး။ ဒေါ်လာအရောင်းအဝယ်လုပ်တဲ့သူ ၅၀ကျော်ကို စစ်တပ်ကဖမ်းထားတယ်ဆိုတော့ စျေး ကွက်ပျောက်နေတယ်။ ရှိတဲ့သူလည်း မရောင်းရဲ၊ မဝယ်ရဲ ဖြစ်နေတော့ ဘတ်ငွေက နည်းနည်း စျေးတက်လာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြဝတီ-မဲဆောက်ဒေသတွင် ထိုင်းငွေ ၃၂ဘတ်ကို တစ်ဒေါ်လာပေါက်စျေးရှိပြီး မြန်မာကျပ်ငွေမှာ ဆက် လက်ပြီး စျေးကျဆင်းနိုင်ခြေရှိနေကြောင်း မဲဆောက်မြို့နှင့် မြဝတီမြို့ဘက်ရှိ ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူများ က ခန့်မှန်းပြောဆိုနေ ကြသည်။

ယင်းသို့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေသော်လည်း မြ၀တီကုန်သွယ်ရေးဇုန်မှ လတ်တလောကာလများတွင် ထိုင်း နိုင်ငံသို့ စားသောက်ကုန်ပစ္စည်း ပိုမိုတင်ပို့နိုင်ခဲ့ရာ ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ နှစ်နိုင်ငံ ကုန်သွယ်မှုပမာ ဏမှာ အမေရိကန်ဒေါ်လာ ၅၃၀.၆၄၃သန်းရှိကြောင်း ဇူလိုင်လ ၁၇ရက်နေ့ထုတ် စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...