ရွှေကူမြို့က ထွေအုပ်ရုံးနှင့်စည်ပင်ရုံးဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ဝန်ထမ်းနှစ်ဦးထိခိုက်ဒဏ်ရာရရှိ

ရွှေကူမြို့က ထွေအုပ်ရုံးနှင့်စည်ပင်ရုံးဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ဝန်ထမ်းနှစ်ဦးထိခိုက်ဒဏ်ရာရရှိ
ရွှေကူမြို့ရဲ့ မြို့တွင်းတစ်နရာ photo- ရွှေကူမြို့ရဲ့ မြို့တွင်းတစ်နရာ
ရွှေကူမြို့ရဲ့ မြို့တွင်းတစ်နရာ photo- ရွှေကူမြို့ရဲ့ မြို့တွင်းတစ်နရာ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ပေါ်က စစ်ကောင်စီလက်အောက် ထွေအုပ်ရုံးနှင့်စည်ပင်ရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတာကြောင့် ဝန်ထမ်းနှစ်ဦးထိခိုက်တဲ့အပြင် ရုံးအဆောက်အအုံလည်း ပျက်ဆီးသွားတယ်လို့ ရွှေကူမြို့နေ ဒေသခံတွေက ပြောပါတယ်။

ရွှေကူမြို့အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ မြို့နယ် ထွေအုပ်ရုံးနဲ့ မြို့နယ်စည်ပင်ရုံးကို ဇူလိုင်လ ၁၉ ရက်နေ့၊ မနက် ၁၁ နာရီခွဲ အချိန်မှာ ရွှေကူ PDF က ဒရုန်းနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ထွေအုပ်ရုံးက ဝန်ထမ်း နှစ်ဦးထိခိုက်ပြီး ရုံးရဲ့အမိုးတွေပျက်စီးသွားတယ်လို့ ရွှေကူမြို့နေအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ရွှေကူမြို့နေအမျိုးသားတစ်ဦးက “လောလောဆယ်တော့ ဆေးရုံရောက်ကုန်ကြပြီ ထွေအုပ်ရုံးက ၂ ယောက် ဒဏ် ရာရတယ်။ စည်ပင်ရုံးကတော့ လူထိမထိမသိရသေးဘူး။ ဗုံးက ရှေ့ဆင့်နောက်ဆင့်ပဲပေါက်ကွဲတာ” လို့ ပြောပါ တယ်။

ထိခိုက်ဒဏ်ရာရသူတွေက အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးလို့ သိရပြီး စည်ပင်ရုံး တိုက်ခိုက်ခံရမှုမှာတော့ လူထိခိုက်တာ ရှိ မရှိ အတည်ပြုနေဆဲ ဖြစ်ပါတယ်။

ထွေအုပ်ရုံးကို မနက် ၁၁ နာရီခွဲတိတိက ဗုံးနှစ်ချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထွေအုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် ၁၅ မိနစ်အကြာမှာပဲ စည်ပင်ရုံးကို နောက်ထပ် ဗုံးသီးတစ်လုံး ချပြီး တိုက်ခိုက်ခဲ့တာလို့ ရွှေကူ PDF က တာဝန်ရှိသူ တွေက ပြောပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ အာဇာနည် ရုံးပိတ်ရက်လည်း ဖြစ်တာကြောင့် ရွှေကူမြို့ပေါ်က စစ်ကောင်စီ လက်အောက်ခံ ရုံးတွေကို အသိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရွှေကူ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က KNG ကို ပြောပါတယ်။

ရွှေကူ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က “စည်ပင်နဲ့ ထွေအုပ်က ရုံးတက်နေတဲ့သူတွေကို သတိပေး တဲ့ သဘောပါ။ ဘာလို့လဲဆိုတော့ ဒီနေ့က ရုံးပိတ်ရက် ဝန်ထမ်းတွေ မရှိတဲ့ ချိန်ဆိုပြီး ချတာပါ။ ရုံးရဲ့အမိုးတွေ ပွင့်သွားတယ်။ ချတဲ့ လူလည်း စကေးကောင်းတယ်ဗျ” လို့ ပြောပါတယ်။

ဇူလိုင် ၁၁ ရက်နေ့၊ ည ၃ နာရီအချိန်ကလည်း ရွှေကူမြို့ရဲစခန်းကို ရွှေကူ PDF တပ်ရင်း ၅ က ဗုံး ၂ လုံးပစ်ချ တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့တဲ့အပြင် ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတာ ဖြစ်ပါတယ်။

အဲ့ဒီရဲစခန်းဟာ ဇူလိုင် ၉ ရက်နေ့ကလည်း တစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်တုန်းကလည်း မကြာခဏ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

Crd (ဟုမ္မလင်းမြို့နယ်အတွင်း သွားလာနေသည့် (SNA) တပ်ဖွဲ့ဝင်များ)
July 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ်တွင် စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့များက နေ့ခင်းဘက်၌ပါ...
July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...