ရွှေကူရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲဝန်ထမ်းမိသားစုများ စစ်တပ်ထဲပြောင်းရွှေ့နေကြ

ရွှေကူရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲဝန်ထမ်းမိသားစုများ စစ်တပ်ထဲပြောင်းရွှေ့နေကြ
ရွှေကူမြို့မရဲစခန်း
ရွှေကူမြို့မရဲစခန်း

ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က မြို့မရဲစခန်းဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ရဲဝန်ထမ်းမိသားစုတွေအားလုံး ညဘက်တွေမှာ ရွှေကူစစ်တပ်ထဲကို ပြောင်းရွှေ့အိပ်နေကြတယ်လို့ တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ရွှေကူနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင်လ ၁၁ ရက်နေ့ က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး ရဲဘက်က ထိခိုက်သေဆုံးသူများခဲ့တာကြောင့် ရဲဝန်ထမ်းတွေ အားလုံး ရဲ စခန်းမှာ မအိပ်ရဲကြတော့တာ ဖြစ်တယ်လို့ တပ်နဲ့နီးစပ်တဲ့ ရွှေကူမြို့ခံအမျိုးသမီး တစ်ဦးက KNG ကို ပြောပါ တယ်။

“သူတို့က စခန်းထဲမှာကိုမအိပ်ကြတော့တာ စစ်တပ်ထဲမှာပြောင်း အိပ်ကြတော့တာ၊ အချုပ်သားတွေကိုပဲ ထားခဲ့ တာ စခန်းမှာက။ အဲ့ဒီဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ နောက်နေ့က စ ပြောင်းအိပ်ကြတာ။ နေ့လည်ဆိုတော့ ရှိတယ်။ ဟန်ပြပေါ့နေ့လည်ဆိုရင်” လို့ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ နောက်ပိုင်းကစလို့ ရဲဝန်ထမ်းမိသားစုတွေ စစ်တပ်ထဲကို ပြောင်းရွှေ့နေထိုင်ကြတာ ဖြစ်တယ်လို့ ရွှေကူမြို့ခံတွေက ပြောပါတယ်။

ရွှေကူနယ်မြေ ရဲစခန်းက ဝန်ထမ်းမိသားစုဝင်တွေဟာ ညရုံးဆင်းချိန် နောက်ပိုင်း စစ်တပ်ထဲကို ပြောင်းကြရပြီး မနက်ရုံးဖွင့်ချိန်မှ ရဲစခန်းကို ပြန်လာကြတယ်လို့ မျက်မြင်တွေ့နေတဲ့ ဒေသခံတွေက ဆိုပါတယ်။

ညဘက် ရဲတွေမရှိတဲ့ အချိန်မှာတော့ အဲ့ဒီရဲစခန်းကို ရွှေကူစစ်တပ်ထဲက စစ်သားတွေ အစောင့် လာအိပ်ပေး ကြတယ်လို့လည်း ရွှေကူမြို့ပေါ်က အမျိူးသားတစ်ဦးက အခုလိုပြောပါတယ်။

“ရဲတွေကတော့ မအိပ်ကြတော့ဘူး။ ဒါပေမယ့် တပ်ကရှိထားတယ်။ ရဲတွေကတော့မအိပ်ရဲဘူးပေါ့ အခုက ရဲစ ခန်းကို စစ်တပ်ထိုင်ထားသလို ဖြစ်နေတယ်။ လက်နက်ကြီးတွေကော ထောင်ထားတယ်” လို့ ရွှေကူမြို့ခံ အမျိုး သားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရဲစခန်းဒရုန်းနဲ့ မတိုက်ခိုက်ခံရချိန်မှာတော့ ရဲအရာရှိအချို့နဲ့ ရဲတပ်သားတွေ ယူနီဖောင်း ဝတ်ဆင်ပြီး ရုံးတက်ကြပေမယ့် ဒီရက်ပိုင်းတွေမှာတော့ အရပ်ဝတ်တွေနဲ့သာ ရုံးတက်လာကြတယ်လို့ ဆိုကြပါတယ်။

“အခုက ရဲတွေ အင်အား ဘယ်လောက်ရှိမှန်း မသိရဘူး။ ဘာလို့ဆိုသူတို့က အရပ်ဝတ်တွေနဲ့ပဲ လာကြတော့ ဘယ်သူက ရဲဘယ်သူကအရပ်သား မသိရဘူး” လို့ ဒေသခံ အမျိုးသမီးက ပြောပါတယ်။

ရွှေကူနယ်မြေ ရဲစခန်းကို ဇူလိုင် ၁၁ ရက်နေ့ ည ၃ နာရီအချိန်က ရွှေကူ PDF တပ်ရင်း ၅ ကနေ ဒရုန်းနဲ့ ဗုံး ၂ လုံးပစ်ချ တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၃ဦး ပွဲချင်းပြီး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိသွားတဲ့အပြင် ဇူလိုင်လ ၉ ရက်နေ့ကလည်း တစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒါ့အပြင် ရွှေကူနယ်မြေရဲစခန်းက ၂၀၂၂ ခုနှစ်တွေတုန်းကလည်း မကြာခဏ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...