ဝက်လက်က စစ်ဘေးရှောင်တွေ ဖျားနာသူတွေများလာပြီး ဆေးဝါးအကူညီတွေလိုအပ်နေ

ဝက်လက်က စစ်ဘေးရှောင်တွေ ဖျားနာသူတွေများလာပြီး ဆေးဝါးအကူညီတွေလိုအပ်နေ
ဓာတ်ပုံ - ဇူလိုင် ၁၄ ရက်နေ့က ဆေးကုသမူခံယူနေကြရတဲ့ ဝက်လက်တစ်နေရာက စစ်ဘေးရှောင်များ
ဓာတ်ပုံ - ဇူလိုင် ၁၄ ရက်နေ့က ဆေးကုသမူခံယူနေကြရတဲ့ ဝက်လက်တစ်နေရာက စစ်ဘေးရှောင်များ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် ထွက်ပြေး နေကြရတဲ့ ဒေသခံတွေဟာ တောတောင်တွေမှာ ဖြစ်သလိုအိပ်နေရတဲ့အတွက် ဖျားနာသူတွေများလာပြီး မိုး ကာနဲ့ဆေးဝါး အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြော ပါတယ်။‌

ဝက်လက်နယ် အရှေ့ခြမ်းက သုံးဆင့်ကန်ရွာနဲ့ သာလိုင်းရွာကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ် တွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံ ၃ ထောင်နီးပါး မိုးထဲရေထဲ ထွက်ပြေးခဲ့ ကြရတာ ဖြစ်တယ်လို့ လူမှု ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အဲ့မှာမိုးကရွာ မိုးက တအားမပြင်းထန်ပေမဲ့ လေကတိုက်တော့ နေမကောင်းတာတွေ သက်ကြီးရွယ်အိုတွေ လည်း ပါတဲ့အခါကျတော့ ဖျားနာတာတွေ ဖြစ်နေတယ်ဗျ။ အဲ့ဒါတွေကလည်း မြေကြီးပေါ်မှာအိပ်ကြတယ်။ ဖြစ်သလိုယာယီဖျာလေးတွေ ခင်းပြီးအိပ်ကြတာပေါ့” လို့ပြောပါတယ်။

ဒေသခံတွေဟာလက်ရှိမှာ နေရပ်မပြန်ရဲသေးဘဲ နီးစပ်ရာ ထန်းတောတွေနဲ့ သရက်ခြံတွေမှာ လှည်းတွေ၊ လက် ကျန် အစားအသောက်တွေ စားကာ စစ်ရှောင်နေကြရပြီး မိုးကာနဲ့ဆေးဝါး အကူညီတွေလိုအပ်နေတယ်လို့ လူမူကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက အခုလိုဆက်ပြောပါတယ်။

“ကျနော်တို့က မိုးကာတွေကို လက်တလော ကူညီချင်ပေမဲ့ ပေးဖို့ရာ ငွေရေးကြေးရေးက အဆင်မပြေဖြစ်နေ တယ်။ လတ်တလောကလည်း ဒေသခံတွေက ရွာထဲကို ပြန်မဝင်ရဲဘူး။ ပြန်ဝင်ရင်တောင် နေစရာက ပြောင် တလင်းခါသွားတော့ ယာယီတဲဆောက်ဖို့ကလည်း ပြန်လိုမယ်” လို့ ပြောပါတယ်။

ရွှေဘိုမြို့ အမှတ် ၈ အခြေခံ လေ့ကျင့်ရေးတပ်က အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဝက်လက် နယ် သုံးဆင့်ကန်ရွာနဲ့ သာလိုင်းရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ အပြင် ဇူလိုင် ၁၃ ရက်နေ့မှာ အိမ်ခြေ ၂၀၀ ခန့်ကို ဖျက်ဆီးခံခဲ့ရသလို အသက် ၇၀ အရွယ် အဘိုးအို နဲ့ အငြိမ်းစား ကျောင်းဆရာတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ဒေသခံ ၇ သိန်းခွဲကျော် အိုးအိမ်စွန့်ကာ ဘေးလွှတ်ရာကို ထွက် ပြေးနေ ကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာ ပေါင်းစပ်ညှိနှုင်းရေးရုံး (UNOCHA)က ပြီးခဲ့တဲ့ လ ဇူလိုင် ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - ဇူလိုင် ၁၄ ရက်နေ့က ဆေးကုသမူခံယူနေကြရတဲ့ ဝက်လက်တစ်နေရာက စစ်ဘေးရှောင်များ

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...