အင်းတော်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးနေ/ထောင်ချီထွက်ပြေးနေရ

အင်းတော်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးနေ/ထောင်ချီထွက်ပြေးနေရ
အင်းတော်အဝင်ဆိုင်းဘုတ်
အင်းတော်အဝင်ဆိုင်းဘုတ်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကျေးရွာ တချို့က အရပ်သားပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် ဖမ်းဆီးခံထားရတဲ့ သူတွေများလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၈၀ နီးပါးလောက်ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ ဇွန်လ ၂၈ ရက်နေ့ ညပိုင်းက မိုးညှင်းဘက်ကနေ အင်းတော်အရှေ့မြောက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်လာနေတာဖြစ်တယ်လို့ အင်းတော်မြို့က ဒေသခံ တစ်ယောက်က KNG ကိုပြောပါတယ်။

“အခုစစ်ကြောင်းက ပင်ဝယ်၊အောက်တော၊ ဖါးပန်ကြားထဲမှာရှိနေတာ အဲ့တာနည်းန ည်း ကြောက်ပြီးတော့ အဲ့ နားဝဲယာ ကျေးရွာတွေကျတော့ရှောင်တိမ်းနေကြတယ်။ ပင်ဝယ် ဥက္ကဌကိုလည်းညက ခေါ်သွားတယ်တဲ့။ ဖါးပန် ဘက်ကလည်း ပြည်သူ လေး ၊ငါး ယောက်ခေါ်ခဲ့ပြီးပြီတဲ့” လို့ ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရတဲ့သူတွေဟာ ပင်ဝယ် အုပ်ချုပ်ရေးမှူးနဲ့ ဖါးပန်ရွာသား ၅ ယောက်ဖြစ်ပြီးတော့ စစ် ကောင်စီတပ်တွေက စစ်ကြောင်းသွားလာတဲ့လမ်းတစ်လျှောက် လူသားဒိုင်းအဖြစ် ခေါ်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းတော်နယ်မှာ စစ်ကောင်စီတပ်ရဲ့လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရရင်အနည်းဆုံး ၂ ရက်ကနေ တစ်လ လောက် ဖမ်းဆီးထားပြီးမှသာ ပြန်လွတ်ပေးလေ့ရှိတယ်လို့ အင်းတော် အရှေ့မြောက်ဘက်ခြမ်းက ကျေးရွာသား တစ်ယောက်က KNG ကိုအခုလိုပြောပါတယ်။

“ထုံးစံအတိုင်းသူတို့ကလူသားဒိုင်းခေါ်တာ သူတို့ကသူတို့ပဲက မသွားရဲဘူးလေ။ တစ်ကြောင်းနဲ့တစ်ကြောင်း မတူဘူး။ တချို့ကျတော့လည်း တစ်ရွာနှစ်ရွာ ရောက်ရင်ပြန်လွတ်ပေးခဲ့တယ်။ တချို့ တလကြာသွားတဲ့ လူတွေ ရှိတယ်။ ပြန်လွတ်လာတဲ့သူတွေ ပြောတာတော့ သူတို့ ပိုးခိုင်းတာပိုးရတယ်။ သူတို့ရဲ့ရှေ့ကနေ သွားပေးရတယ်။ ညအိပ်ရင်လည်း သူတို့ပတ်ပတ်လည်မှာ အိပ်ပေးရတယ်တဲ့” လို့ ပြောပါတယ်။

အခုလိုစစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် တိမ်းရှောင်နေရတဲ့ ကျေးရွာတွေကတော့ နားမကြိုင်းရွာ၊ ပင်ဝယ်ရွာ၊ အောက်တောရွာ၊ တုံခွဲရွာတွေက ဒေသခံတွေဖြစ်ကြပြီး အိမ်ခြေ ၁၀၀ လူဦးရေအားဖြင့် ထောင်ချီ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တုန်းကလည်း အင်းတော်မြို့တွင်း စစ်ကောင်စီတပ် တပ်ထိုင်ထားတဲ့ စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပင်ဝယ်ရွာနဲ့ နဘားက အသက် ၅ နှစ်အရွယ် ကလေး အပါအဝင် ၃ ယောက် ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

စစ်ကောင်စီတပ်က အင်းတော်ကြီးမြို့နယ်၊ နဘားရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှု လုပ်နေတာကြောင့် အဲ့ဒီ အနီးတဝိုက်ရှိသော ဒေသခံတောင်သူတွေဟာ လယ်ယာလုပ်ငန်း တွေ လုပ်ကိုင်ဖို့လည်း အခက်အခဲတွေ ဖြစ်နေကြပါတယ်။

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...