မိုးညှင်းမြို့အထွက် လမ်းဆုံနေရာများတွင် လိုင်စင်မဲ့ကားများဖမ်းဆီးပြီး ငွေကြေးတောင်းခံ

မိုးညှင်းမြို့အထွက် လမ်းဆုံနေရာများတွင် လိုင်စင်မဲ့ကားများဖမ်းဆီးပြီး ငွေကြေးတောင်းခံ

ကချင်ပြည်နယ် မိုးညှင်းမြို့အထွက် လမ်းဆုံနေရာတွင် စစ်ကောင်စီတပ်ဖွဲ့က လိုင်စင်မဲ့ ကားများကို စစ်ဆေး ဖမ်းဆီးနေပြီး ငွေကြေးတောင်းခံမှုများရှိနေသည်။

ဇွန်လ ၂၇ ရက်နေ့မှစကာ မိုးညှင်းမြို့အထွက် မိုးညှင်း - နန်းမားလမ်းဆုံး၊ BOC စက်သုံးဆီအရောင်းဆိုင် ရှေ့နေရာ များတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီးပြီး ကားတစ်စီးလျှင် ငွေကျပ် ငါးသောင်းဖြင့် ဒဏ်ငွေဆောင်ခိုင်းကာ ပြန်လည်သွားခွင့်ရရှိနေကြောင်း အစစ်ခံလိုက်ရသည့် နန်းမားဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“နန်းမား မိုးညှင်းလမ်းဆုံ BOC ဆီဆိုင်ရှေ့မှာ ကားတွေစစ်တယ် ဖြတ်သွားဖြတ်လာကားတွေပေါ့။ အဲ့မှာက လမ်းဆုံ ဖြစ်နေတာကို လိုင်စင်တွေ မပါတဲ့ဟာကျတော့ တစ်စီးကို ငါးသောင်း ပိုက်ဆံတောင်းတယ်တဲ့။ အများ ကြီးပါသွားတယ်။ အဲ့မှာကားတွေ အမြဲတမ်းဖြတ်နေတာကြီးကိုး” ဟုပြောသည်။

အဆိုပါ စစ်ဆေးမှုတွင် စစ်ကောင်စီတပ်သားများသာတွေ့ရပြီး နံနက် ၉ နာရီမှ ၁၁ နာရီဝန်းကျင်အချိန်တွင် လုပ်ဆောင်လျက်ရှိနေကြသည်။

“လိုင်မောင်းလိုင်စင်နဲ့ ကားလိုင်စင်တွေ စစ်တယ်။ မပါရင် အဲ့မှာတခါတည်းဆောင်ပဲ။ တော်တော်များများ ဆောင်လိုက်ရတယ်။ ဒီမှာက ဝတ်သောက်ပဲ စီးကြတာများတယ်လေး။ ပိုက်ဆံ သုံးစရာမရှိတော့လို့ ပိုက်ဆံ ရှာတာနေမှာပေါ့” ဟု အခြား ဒေသခံအမျိုးသားတစ်ဦးက ထပ်မံပြောဆိုသည်။

စစ်ကောင်စီတပ် ကားလိုင်စင်မဲ့ စစ်ဆေးသည့် နေရာများသည် မိုးညှင်း - နန်းမား၊ မိုးကောင်းနှင့် မိုးညှင်း -အင်း တော်ကြီး - ဖားကန့်သွားသည့် လမ်းဆုံနေရာများတွင် ဖြစ်သည်။

ထိုလမ်းနေရာများတွင် ခရီးသည်ယာဉ်များနှင့် အိမ်စီးကားအများအပြား ဖမ်းဆီးခံလိုက်ရပြီး ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်း အချိန်ထိ သွားလာသူ နည်းပါးသွားကြောင်း ဒေသခံများပြောသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် စသည့်မြို့ကြီးများတွင် လိုင်စင်မဲ့ကားများ၊ ဆိုင်ကယ်များ စစ်ဆေးဖမ်းဆီးမှု ပုံမှန်ရှိနေပြီး ဖမ်းဆီးရမိသည့် ကားများကို သောင်းဂဏန်းမှ သိန်းဂဏာန်းအထိ ပေးဆောင်ကာ ပြန်လည်ရွေးယူနေကြရ သည်။

ဓါတ်ပုံ - အင်းတော်လမ်းတစ်နေရာတွင် စစ်ကောင်စီ အဖွဲ့ ကားစစ်ဆေးနေသည့်မြင်ကွင်း

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...