မိုးညှင်းမြို့နယ်မှာ ညမထွက်ရအမိန့် ၁၄၄ ထုတ်ပြန်

မိုးညှင်းမြို့နယ်မှာ ညမထွက်ရအမိန့် ၁၄၄ ထုတ်ပြန်

မိုးညှင်းမြို့နယ်တစ်ခုလုံး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်တစ်ရပ်ကို ယမန်နေ့ ဇွန်လ ၈ ရက်နေ့မှာ မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက  ထုတ်ပြန်လိုက်ပါတယ်။

ညမထွက်ရအမိန့်အဖြစ် ည (၁၀) နာရီ ကနေ မနက် (၄) နာရီအထိ ကို သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။

မိုးညှင်းမြို့နယ် နယ်နိမိတ်အတွင်း လူတစ်ချို့က အများပြည်သူများ၏ လုံခြုံရေးနှင့် တရားဥကဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေတဲ့ ပြုမူဆောင်ရွက်ချက်တွေ ရှိနေတာကြောင့် ယခုလို ထုတ်ပြန်ရတာလို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

 လူ(၅)ဦး၊ (၅) ဦးနှင့် အထက် ပိုမစုရတာ မြို့နယ်အတွင်းရှိ လမ်းမကြီး၊ လမ်းသွယ်လမ်းကြား၊ အများပြည်သူနဲ့ သင်ဆိုင်တဲ့နေရာတွေမှာ လူစုဝေးတာတွေမပြုလုပ်ဖို့လည်း ပါဝင်ပါတယ်။

အင်းတော်ကြီးဒေသခံ တစ်ဦးက “သူတို့က ထုတ်တာ ထုတ်တာပါ။ ဒီမှာတော့ ပုံမှန်အနေအထားပါပဲ။ ဘာမှ ဖြစ် တာတော့ မရှိသေးဘူး။ မိုးညှင်းဘက်မှာဆိုလို့ရှိရင် ရက်ထဲ ရွာတွေထဲမှာတော့ သူတို့(စကစ)ရဲ့ ဆန့်ကျင်ဘက် တွေတော့ ရပ်ထဲ ရွာထဲ ဆင်းနေတာတော့ ရှိတယ်တဲ့။ အဲ့လိုတွေ ရှိတယ်ပြောတယ်။ အဲ့ဒါကြောင့်မို့ ထုတ်တာ လား မသိတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းများလည်း မိုးညှင်းမြို့နယ်အတွင်း ယခုရက်ပိုင်း နေရာအနှံ့ရှိပြီး သံချပ်ကာကားများဖြင့် မြို့တွင်း လှည့်လည် သွားလာမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ညမထွက်ရအမိန့်သည် နောက်ထပ် အမိန့်တစ်ခု တစ်စုံတစ်ရာ မရမချင်း အတည်ဖြစ်စေရမယ်လို့ ဆိုထားပါတယ်။

မိုးညှင်းမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေက မေလအတွင်းမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...
April 7, 2026
မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စက်သုံးဆီတွေကို ခွဲတမ်းနဲ့အလှည့်ကျဝယ်ယူနေရချိန်...