မြောက်ပိုင်းညီနောင် (၃) ဖွဲ့ ပေးတဲ့ အကူအညီက တိုက်ပွဲတွေမှာ အထောက်အကူဖြစ်စေတယ်လို့ KNDF ဆို

မြောက်ပိုင်းညီနောင် (၃) ဖွဲ့ ပေးတဲ့ အကူအညီက တိုက်ပွဲတွေမှာ အထောက်အကူဖြစ်စေတယ်လို့ KNDF ဆို

မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ဆီကနေ ရရှိတဲ့ လက်နက်ခဲယမ်းမျိုးစုံနဲ့ စစ်ရေး အကူအညီတွေဟာ မြေ ပြင်က တိုက်ပွဲတွေမှာ အတော်လေး အထောက်အကူဖြစ်စေခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။

မေလ (၃၁) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းတည်ထောင်တဲ့ နှစ်နှစ်ပြည့်မှာ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။

“မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြတဲ့ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါ တီ/မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် (PSLF/TNLA) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) တို့ထံကနေ လက်နက်ခဲယမ်းမျိုးစုံနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စစ်ရေးအကူအညီတွေကို ရရှိခဲ့ပါတယ်။ ဒီအကူအညီများကြောင့် KNDF ဟာ တော်လှန်ရေးအစကို အားကောင်းစွာ စတင်နိုင်ခဲ့ပြီး ယနေ့အထိ နိုင်ငံရေးမှာ ခိုင်မာတဲ့ လမ်းကြောင်း ပေါ် လျှောက်လှမ်းနေနိုင်ခြင်းဖြစ်ပါတယ်” လို့ ဥက္ကဋ္ဌ ခွန်းဘီထူးက KNDF နှစ်နှစ်ပြည့် မိန့်ခွန်းမှာ ပြောပါတယ်။

အဓိက လက်နက်ခဲယမ်း အကူအညီတွေကို ရရှိခဲ့ပြီး KNDF ဖွဲ့စည်းစကနေ လက်ရှိအချိန်အထိ အကူအညီ ရရှိခဲ့ တယ်လို့လည်း ဆိုထားပါတယ်။

သို့သော် ရရှိတဲ့ အကူအညီအကြောင်းကိုတော့ အသေးစိတ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားတာမျိုး မရှိပါ ဘူး။

ဒါ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU) ဆီကနေ စစ်ရေးသင်တန်းနဲ့ နည်းနာများစွာကို သင်ယူခွင့်ရရှိခဲ့ပြီး ကရင်နီတပ်မတော် (KA) နဲ့ ပြည်နယ်အတွင်းရှိ တပ်ဖွဲ့ဝင်တွေရဲ့ အကူအညီတွေကိုလည်း ရရှိခဲ့ တယ်လို့ ဖော်ပြထားပါတယ်။

“ဆိုတော့ အကူအညီတွေက အများကြီး အထောက်အကူဖြစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆို ကျနော်တို့ KNDF စတင် ဖွဲ့စည်းတဲ့ အချိန်ကစပြီး ဒီအချိန်အထိ ကျနော်တို့ မြေပြင်တိုက်ပွဲတွေမှာ ကျနော်တို့ ထိထိရောက်ရောက်နဲ့ ကျနော်တို့ မောင်းပြန် နေထိုင်နိုင်တာမျိုးပေါ့နော်။ တကယ့် ထိထိရောက်ရောက်နဲ့ စစ်ကောင်စီကို တန်ပြန် နိုင်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်တာမျိုးပေါ့။ အဲဒီလိုတိုက်ပွဲတွေအတွက် မြေပြင်တွေအတွက်အများကြီး အထောက် အကူဖြစ်ခဲ့တယ်” လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဖယ်ဒရယ် ဒီမိုကနေရေစီနိုင်ငံ တည်ဆောက်ရေးအတွက် NUCC၊ NUG၊ CRPH တို့ရဲ့ ရပ်တည်မှုနဲ့ လုပ်ငန်းစဉ် တွေမှာ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ကနေ တဆင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း နှစ်နှစ် ပြည့် ထုတ်ပြန်ချက်မှာ KNDF က ဖော်ပြထားပါတယ်။

အကူအညီတွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်ရေးအခက်အခဲတွေကြောင့် မရရှိနိုင်ခဲ့ပါဘူး။

ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...