ရေး-သံဖြူဇရပ်ကားလမ်းတွင် တရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်၊ အရပ်သား ၁ ဦး သေဆုံး

ရေး-သံဖြူဇရပ်ကားလမ်းတွင် တရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်၊ အရပ်သား ၁ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတလျှောက်တွင် မေလ ၃၀ ရက်နေ့ တရက် တည်းတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ ၁ ဦးလည်း ကျည်ထိမှန် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

(ယမန်နေ့) မေလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်ဖွဲဝင်များ စီးနင်းလိုက်ပါလာသည့် စစ်ကား ၄ စီးနှင့် ရိက္ခာကား ၅ စီးသည် သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သို့ ဖြတ်သန်းမောင်းနှင်လာစဉ် ပိန္နဲတောကျေးရွာနှင့် ရွာသာအေးကျေးရွာကြားတွင် တစ်ကြိမ်၊ ဘေးလမိုင်းကျေးရွာအနီးတွင် တစ်ကြိမ် တောင်ညို ပြည်သူ့ ပြောက် ကျားတပ်ဖွဲ့တို့က ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်လည်း စစ်ကောင်စီ ကားတန်းအား လမ်ကင်းယူပေးနေသော လမ်းကင်းအဖွဲ့ ရွာသာအေးကျေးရွာတွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

ထိုသို့ ပစ်ခတ်ခံရချိန် စစ်ကောင်စီတပ်ဘက်က ပြန်လည် ပစ်ခတ်ခဲ့သည့်အတွက် လမ်းသွားနေသည့် ရေးမြို့နယ် အောင်သပြေကျေးရွာမှ အသက် ၅၁ နှစ်အရွယ် စောမောင်စံသွင်ဆိုသူ လက်နက်ကျည်ထိမှန်ပြီး သေဆုံးသွား သည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသော်လည်း အဆိုပါ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

“မနေ့က တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ်။ လူလည်း ထိတယ်လို့တော့ကြားတယ်။ သေချာတော့ မသိဘူး။ ဒီလမ်းသွားလာရတာတော့ ခပ်လန့်လန့်ပဲ။ တိုက်ပွဲနဲ့ ကြုံမလား။ သူတို့နဲ့ပဲ ကြုံမလား။ အခန့်မသင့်ရင် ကိုယ်ပါ ပစ်ခံထိတယ်လေ” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတလျှောက်တွင် စစ်ကောင်စီယာဥ်တန်း မကြာခဏ ပစ်ခတ် တိုက်ခိုက်ခံရလေ့ရှိသည်။

အလားတူ အရပ်သားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့်ဖြစ်လည်း ဆက်တိုက်ရှိလာခဲ့ ပြီး လူထိခိုက်တာ၊ သေဆုံးတာတွေလည်း ရှိခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားမှု အားကောင်းသည့် ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားခြင်း ဖြစ်သည်။

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...