ဝိုင်းမော်မြို့နယ်အတွင်း စစ်ရှောင်အိမ်ထောင်စု ၁၀၀ ကျော်နေထိုင်ရန် မြေနေရာလိုအပ်နေသေး

ဝိုင်းမော်မြို့နယ်အတွင်း စစ်ရှောင်အိမ်ထောင်စု ၁၀၀ ကျော်နေထိုင်ရန် မြေနေရာလိုအပ်နေသေး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မုတ်ကြိတ်ကျေးရွာမှာ စစ်ရှောင်အိမ်ထောင်စု ၁၀၀ ကျော်နေထိုင်ဖို့ မြေနေရာ လုံလောက်မှုမရှိသေးဘဲ ၁၅ ဧကလောက် လိုနေသေးတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ မြေနေရာဝယ်ယူနေတာ ၁၈ ဧက လောက်သာ ရရှိသေးတဲ့အတွက် နောက်ထပ်အိမ်ထောင်စု ၁၀ စုစာအတွက် လိုအပ်နေသေးတာ ဖြစ်တယ်လို့ ဝိုင်းမော်မြို့၊ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အမျိုးသား တစ်ဦး က စစ်ရှောင်တွေကိုယ်စား ပြောပါတယ်။

“ကျွန်တော်တို့လည်း အဲဒီနေရာတွေ တောင်းလို့ရရင်တော့ နေရာတွေကို ရှင်းလင်းပြီး လူအင်းအားနဲ့ စနစ်တကျ အကွက်တွေချပြီး သက်ဆိုင်ရာကို အိမ်တွေ၊ ကျောင်းတွေ၊ ဆေးပေးခန်းနဲ့ ပတ်သက်တာတွေ ကူညီတောင်း မယ်” လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ တစ်အိမ်ထောင်ကို ၁၀ သိန်းစီထည့်ပြီး အရင်ဆုံး ရသလောက်နဲ့ အိမ်ထောင်စု ၁၀၀ ကျော်နေထိုင်ဖို့ ခန့်မှန်းမြေဧက ၃၀ လောက်ကို ဝယ်ယူဖို့ လုပ်ဆောင်ခဲ့ကြပေမယ့် မြေလုံ လောက်မှု မရှိတာနဲ့ ကြုံနေကြရတာပါ။

ရွာတစ်ရွာတည်ဖို့ လိုအပ်တဲ့ ရွာလမ်းမကြီးနဲ့ လမ်းကြားတွေ၊ ဆေးပေးခန်း၊ မူလတန်းကျောင်း၊ ဘုရားကျောင်း စတဲ့ နေရာတွေအတွက်လည်း မြေနေရာတွေ ချန်ထားပြီး မိသားစုတစ်စုကို ပေ ၄၀/၆၀ အကျယ် အကွက်ချ လိုက်ရင် နောက်ထပ်အိမ်ထောင်စု ၁၀ စုအတွက် မြေနေရာတွေ လိုအပ်နေသေးတာဖြစ်တယ်လို့ အထက်ပါ အမျိုးသားက ဆက်လက်ပြောပါတယ်။

မနှစ်ကတည်းက စစ်ကောင်စီကနေ  မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေကို ဖျက်သိမ်း သွားမယ်ဆိုပြီး ပြောဆိုမှုတွေ ရှိခဲ့တဲ့အတွက်ကြောင့် ချက်ချင်းပြောင်းရွှေ့ရတဲ့အချိန် နေရာမရှိမှာကို စိုးရိမ်တဲ့ အတွက် အခုလိုရွေးချယ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီစစ်ရှောင်တွေက KBC ဆမားဇုံနယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကဖြစ်သော်လည်း ပိုပြီး တောကျတဲ့ နန် ဆန်ယန်ကျေးရွာ အနီးအနားက ရွာတွေနဲ့ ဂျာပူ၊ ဆမ်ပိုင်၊ ဒင်ဂါး၊ မဂေါယန်စတဲ့ ကျေးရွာတွေက စစ်ရှောင်ပြည် သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် အဲဒီရွာတွေကိုသွားနေဖို့ စစ်တပ်ကို ခွင့်ပြုချက်တောင်းတဲ့အချိန် ခွင့်ပြုချက်မပေးနိုင်သေးဘူးလို့ ပြောလာအတွက် ဝိုင်းမော်မြို့ KBC ကျမ်းစာကျောင်းနဲ့နီးတဲ့ဘက် မုတ်ကြိတ်ကျေးရွာမှာ မြေနေရာရယူဖို့ သက် ဆိုင်ရာအစိုးရ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင်  ရွာလမ်းမကြီးနဲ့ လမ်းကြားတွေဖောက်လုပ်ဖို့အတွက် ကုန်ကျစရိတ်တွေနဲ့ စစ်ရှောင်တွေနေဖို့ နေအိမ် တွေ၊ ရေတွင်းနဲ့ မီးတွေ၊ ဆေးပေးခန်း၊ မူလတန်းကျောင်း၊ ဘုရားကျောင်းစတာတွေကို ဆောက်လုပ်ဖို့ ကုန်ကျ စရိတ်တွေကလည်း သူတို့ဆီမှာ မရှိသေးတဲ့အတွက် ကူညီပေးစေလိုတယ်လို့ တောင်းဆိုကြပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို မေးမြန်ရာမှာတော့ သူတို့ လိုအပ်တဲ့ နေအိမ်တွေ၊ ရေတွင်းနဲ့ မီးတွေ၊ ဆေးပေးခန်း၊ မူလတန်းကျောင်းနဲ့ လမ်း စတာတွေကို ဘယ်စစ်ရှောင် တွေကိုမဆို စီစဉ်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...