မြစ်ကြီးနားမြို့ပေါ် လူငယ် ၂ ဦး ပစ်သတ်ခံရပြီး ၅ ဦး ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့ပေါ် လူငယ် ၂ ဦး ပစ်သတ်ခံရပြီး ၅ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားရှိ ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူငယ် ၂ ဦးကို ပစ်သတ်ပြီး ၅ ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ရမ်ပူရပ်ကွက်ရှိ လမ်းမတစ်နေရာတွင် စစ်သားများ လှည့်လည်သွားနေစဉ် အဆိုပါ လူငယ်များသည် စစ်သားများအား တွေ့ပြီး ထွက်ပြေးရာမှ ဖမ်းဆီး သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး က ပြောသည်။

“ကျမတို့ကြားတာကတော့ စစ်သားတွေက ကင်းလှည့်တဲ့ ပုံစံသွားနေတာ။ အဲ့ဒါကို အဲ့လူငယ်တွေက စစ်သားကို တွေ့ပြီး ပြေးတာတဲ့ အဲ့မှာ တစ်ခါတည်းသေနတ်နဲ့ လိုက်ပစ်ပြီး ဖမ်းတာလို့ပြောတယ်။ ၂ ယောက်ကတော့ အလောင်းကောက်သွားတာလို့ သိရတယ်” ဟု ပြောသည်။

ပစ်သတ် ဖမ်းဆီးခံရသည့် လူငယ်များတွင် ခေမာသီရိရပ်ကွက်မှ လူငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသော် လည်း နာမည် အသေးစိတ်ကိုတော့ မသိရသေးပေ။

ထိုနေ့က ဖမ်းဆီး ပစ်သတ်ခံရသည့် လူငယ်များသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ PDF တို့နှင့် ပတ်သက်ဆက်နွယ်မှု မရှိဘူးဟု KPDF တာဝန်ရှိသူများမှ KNG ကို ပြောဆိုသည်။

မြစ်ကြီးနားမြို့နယ် KIA/PDF မှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့လည်း ရင်း ၁၁ ရော၊ ရင်း ၃ ရော အကုန်စုံစမ်း ပြီးပြီ။ ဘယ်ဘက်က လူမှ မဟုတ်နေဘူး။ ဘယ်သူတွေလဲ ဆိုတာလည်း မသိဘူး။ ကျနော်တို့နဲ့ အဆက်အစပ် မရှိတဲ့ သူတွေဖြစ်နေတာ။ ကျနော်တို့နဲ့ ပတ်သက် ဆက်နွယ်သူတွေတော့ မဟုတ်ဘူး” ဟု KNG ကိုပြောသည်။

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီကို သတင်းပေးသူများ ယခင်ကထက် ပိုမိုများလာပြီး တော်လှန်ရေးတွင် ပါဝင် နေကြသည့် လူငယ်များအပြင် တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသည့် လူငယ်များပါ မကြာခဏဆိုသလို ဖမ်း ဆီးခံနေကြရပြီး သတ်ဖြတ်ခံရမှုများလည်း ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလဆန်းတွင်လည်း မြစ်ကြီးနားမြို့၊ ရွှေလမ်းမအနီး အဆောင်ငှားနေကြသည့် လူငယ်အမျိုးသမီး များ အပါအဝင် ၁၀ ဦးထက် မနည်းကို စစ်ကောင်စီ ဖမ်းဆီးသွားခဲ့သည်ဟု အနီးတွင် နေထိုင်သူများက ပြောသည်။

Most read this week

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...