မြစ်ကြီးနားမြို့ပေါ် လူငယ် ၂ ဦး ပစ်သတ်ခံရပြီး ၅ ဦး ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့ပေါ် လူငယ် ၂ ဦး ပစ်သတ်ခံရပြီး ၅ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားရှိ ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူငယ် ၂ ဦးကို ပစ်သတ်ပြီး ၅ ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ရမ်ပူရပ်ကွက်ရှိ လမ်းမတစ်နေရာတွင် စစ်သားများ လှည့်လည်သွားနေစဉ် အဆိုပါ လူငယ်များသည် စစ်သားများအား တွေ့ပြီး ထွက်ပြေးရာမှ ဖမ်းဆီး သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး က ပြောသည်။

“ကျမတို့ကြားတာကတော့ စစ်သားတွေက ကင်းလှည့်တဲ့ ပုံစံသွားနေတာ။ အဲ့ဒါကို အဲ့လူငယ်တွေက စစ်သားကို တွေ့ပြီး ပြေးတာတဲ့ အဲ့မှာ တစ်ခါတည်းသေနတ်နဲ့ လိုက်ပစ်ပြီး ဖမ်းတာလို့ပြောတယ်။ ၂ ယောက်ကတော့ အလောင်းကောက်သွားတာလို့ သိရတယ်” ဟု ပြောသည်။

ပစ်သတ် ဖမ်းဆီးခံရသည့် လူငယ်များတွင် ခေမာသီရိရပ်ကွက်မှ လူငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသော် လည်း နာမည် အသေးစိတ်ကိုတော့ မသိရသေးပေ။

ထိုနေ့က ဖမ်းဆီး ပစ်သတ်ခံရသည့် လူငယ်များသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ PDF တို့နှင့် ပတ်သက်ဆက်နွယ်မှု မရှိဘူးဟု KPDF တာဝန်ရှိသူများမှ KNG ကို ပြောဆိုသည်။

မြစ်ကြီးနားမြို့နယ် KIA/PDF မှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့လည်း ရင်း ၁၁ ရော၊ ရင်း ၃ ရော အကုန်စုံစမ်း ပြီးပြီ။ ဘယ်ဘက်က လူမှ မဟုတ်နေဘူး။ ဘယ်သူတွေလဲ ဆိုတာလည်း မသိဘူး။ ကျနော်တို့နဲ့ အဆက်အစပ် မရှိတဲ့ သူတွေဖြစ်နေတာ။ ကျနော်တို့နဲ့ ပတ်သက် ဆက်နွယ်သူတွေတော့ မဟုတ်ဘူး” ဟု KNG ကိုပြောသည်။

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီကို သတင်းပေးသူများ ယခင်ကထက် ပိုမိုများလာပြီး တော်လှန်ရေးတွင် ပါဝင် နေကြသည့် လူငယ်များအပြင် တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသည့် လူငယ်များပါ မကြာခဏဆိုသလို ဖမ်း ဆီးခံနေကြရပြီး သတ်ဖြတ်ခံရမှုများလည်း ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလဆန်းတွင်လည်း မြစ်ကြီးနားမြို့၊ ရွှေလမ်းမအနီး အဆောင်ငှားနေကြသည့် လူငယ်အမျိုးသမီး များ အပါအဝင် ၁၀ ဦးထက် မနည်းကို စစ်ကောင်စီ ဖမ်းဆီးသွားခဲ့သည်ဟု အနီးတွင် နေထိုင်သူများက ပြောသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...