မြဝတီကုန်သွယ်ရေးဇုန်တွင် ဖြတ်သန်းသွားလာသည့် ယာဉ်များကို စစ်တပ်နှင့် (BGF)က ငွေသိန်းချီတောင်း

မြဝတီကုန်သွယ်ရေးဇုန်တွင် ဖြတ်သန်းသွားလာသည့် ယာဉ်များကို စစ်တပ်နှင့် (BGF)က ငွေသိန်းချီတောင်း
ဓါတ်ပုံ - CJ
ဓါတ်ပုံ - CJ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ မြဝတီကုန်သွယ်ရေးဇုန်တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) များမှ ဂိတ်ချပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ ငွေကြေးအဆမတန်ကောက်ခံမှုများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ယာဉ်မောင်းသမားများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းလောက် ကတည်းကစ၍ အဆိုပါ ပူးပေါင်း ဂိတ်ချစစ်ဆေးမှုများပြုလုပ်ရာတွင် ယာဉ် အကြီးအသေးနှင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှု အပေါ်မူတည်ပြီး ငွေကြေး ပမာဏအမျိုးမျိုး ကောက်ခံခြင်း ဖြစ်သည်ဟု ကုန်တင်ကား မောင်းသမားတစ်ဦးက ပြောသည်။

၎င်းက “ကားကြီးတွေက ပေးရတာများတယ်။ တစ်စီးကိုနှစ်သိန်းထိကိုပေးရတယ်။ မပေးမနေရပေါ့နော်။ BGF က နှစ်ဂိတ် ရဲနဲ့စစ်သားက နှစ်ဂိတ်။ ကုန်သွယ်ရေးဇုန်ထိပ်ကနေစပြီး စုစုပေါင်းခုနှစ်ဂိတ်ရှိတယ်။ ကားသေးတွေ ကျတော့ပစ္စည်းတင်ရင် ပစ္စည်းကိုကြည့်ပြီးပေးရတယ်။ ခရီးသည်တင်ရင်လည်း ခရီးသည်ကို ကြည့်ပြီး ပေးရ တာပေါ့။ စစ်ဆေးတာတွေလည်းရှိတယ်။ တိုက်ပွဲဖြစ်ပြီးပြီးချင်းတော့ မကောက်‌ သေးဘူး၊ နောက်မှ အင်အား တိုးပြီး ကောက်တာ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုကဲ့သို့ ငွေကြေးတောင်းခံမှု များလာသောကြောင့် ကုန်တင်ကားသမားများ အနေဖြင့် အသွားအလာ နည်းပါး လာပြီး ခရီးသည်တင် ကားသမားများအနေဖြင့်လည်း ကားခများ ပိုမိုကောက်ခံလာရသည့်အတွက် ခရီးသည် များပါ အသွားအလာ နည်းပါးလာသောကြောင့် ယာဉ်လိုင်းမဆွဲကားရသည့် အခြေအနေနှင့် ကြုံတွေ့နေရသည် ဟုလည်း ကားသမားများက ပြောသည်။

ခရီးသည်တင်ကားသမားတစ်ဦးက “ငွေကြေးတွေကောက်တာများတော့ ခရီးသည်စရိတ်က ပိုတောင်း ရတယ်။ အဲ့ဒါကြောင့်နောက်ပိုင်း ခရီးသွားတွေနည်းလာတယ်။ ဘန်ကောက်တက်မဲ့သူတွေ ဆိုင်ကယ်နဲ့ တက်တဲ့သူတွေ လောက်ပဲရှိတော့တယ်။ အဲ့ဒါကြောင့် ခရီးသည်ပေးတဲ့ဈေးနဲ့ သူတို့တောင်း တဲ့ဈေးကမမျှတော့ ကိုယ့်အိတ်ထဲ ကစိုက်ထုတ်ရတာပေါ့။ အဲ့လိုအခက်အခဲတွေရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ၏ ကော်ဘရာစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ ကုန်သွယ်ရေးဇုန်တွင် စစ်ကောင်စီ တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ရဲအစောင့်အကြပ်များ နည်းပါးသွားခဲ့ပြီး လတ်တလောတွင် လုံခြုံရေးကို ပြန်လည် တိုးမြှင့်ချထားခြင်း ဖြစ်သည်။

ထိုသို့ လုံခြုံရေး တိုးမြှင့်ချထားပြီးနောက် ယခုကဲ့သို့ မြဝတီကုန်သွယ်ရေးဇုန်တွင် ဖြတ်သန်းသွားလာသည့် ယာဉ် များကို စစ်တပ်နှင့် (BGF)က ငွေသိန်းချီတောင်းခံခြင်းများကို  လုပ်လာခြင်းဖြစ်သည်ဟု ယာဉ်မောင်းသမားများ က ဆိုသည်။

ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...
ဓာတ်ပုံ - CJ
August 27, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူး-မင်းလက်ပံဒေသတွင် စစ်အုပ်စုတပ်နှင့်...
August 26, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU၊ တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ်...
ဓာတ်ပုံ - CJ
August 26, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတနှင့် လေးမျက်နှာမြို့နယ်အစပ် တလုတ်ထော်မြို့ဘက်သို့...