မိုခါမုန်တိုင်းအရှိန်ကြောင့် ချောင်းရေကြီး၍ ထီးလင်းမြို့နယ် အိုင်းမပြင် စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်

မိုခါမုန်တိုင်းအရှိန်ကြောင့် ချောင်းရေကြီး၍ ထီးလင်းမြို့နယ် အိုင်းမပြင် စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် မိုခါဆိုင်ကလုန်း မုန်တိုင်း၏အရှိန်ကြောင့် ချောင်းရေကြီး၍ အိုင်းမပြင် စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်ပြီး အနီးဝန်းကျင်ရှိ ကျေးရွာ ၃၀ ခန့်မှ ကျွဲ၊ နွားများအပါအဝင် ဆန်စပါး၊ မြေပဲများစွာ ရေထဲမျှောပါသွားသည်။

မေလ ၁၅ ရက်နေ့မှ စတင်ကာ မောချောင်းနှင့် သံသေချောင်းဟူသော ချောင်းနှစ်ခုမှ ချောင်းရေကြီး၍ ရေမြုပ် ခြင်းဖြစ်ပြီး ရေမကျသေးသည့်အတွက် အပျက်အစီးဆုံးရှုံးမှု အတိအကျကို မသိရသေးဘူးဟု Yaw Revolution Army - ထီးလင်း တာဝန်ခံ ကိုကောင်းမှ မဇ္ဈိမသို့ပြောသည်။

“ထန်းပင်ကုန်း တစ်ရွာလုံး ပြောင်းရွေ့နေထိုင်ကြတဲ့ အိုင်းမပြင်ဆိုတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုလုံး မိသားစု ၁၂၀ လောက်နေတဲ့ ရေလွှမ်းသွားပါတယ်ဗျ။ ရေမြုပ်သွားပါတယ်။ ပြီးတော့ တခြား ၃၀ ရွာလောက်က ဆန် စပါးတွေ၊ မြေပဲတွေ၊ ဆီတွေ ရေနဲ့မျှောပါသွားကြပါ တယ်ဗျ” ဟု ၎င်းက ပြောသည်။

အုန်းမပြင်စစ်ရှောင်စခန်းအနီးက ကျေးရွာများမှ ဒေသခံများ၏ ဆန်စပါး၊ မြေပဲ တင်းတစ်ရာကျော်၊ စားဆီ ပိဿာချိန်များစွာ ရေထဲမျှောပါသွားခဲ့ပြီး ကျွဲနွားများလည်း အကောင်ရေ မြောက်မြားစွာ သေဆုံးခဲ့ရသည်ဟု ကိုကောင်းက ပြောသည်။

လေပြင်းမုန်တိုင်း တိုက်ခတ်မည်ကို အဓိကဦးစားပေး ပြင်ဆင်ထားခဲ့မိခြင်းကြောင့် မုန်တိုင်းကာလအတွင်း အဆ မတန် ရေကြီးလာသည့်အခါ ယခုကဲ့သို့ အများအပြား ပျက်ဆီးဆုံးရှုံးခဲ့ကြရခြင်းဖြစ်သည်။

အိုင်းမပြင် စစ်ဘေးရှောင်စခန်းမှ ဒေသခံများနှင့် အခြားကျေးရွားများမှ ရေဘေးသင့် ဒေသခံများသည် ယခု လက်ရှိအချိန်တွင် ရေဘေးလွတ်ရာကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့တွင် ရေဘေးရှောင် နေ ကြရသည်။

ကိုကောင်းက “ရေဘေးသင့်တာက မောချောင်းနဲ့သံသေချောင်းနံဘေးကျေးရွာ ၃၀ လောက်က လူဦးရေ ၉,၀၀၀ လောက် ရေဘေးသင့်ပြီးတော့ ဆုံးရှုံးနစ်နာမှုအများဆုံး ၁၀ ရွာလောက်ကလူဦးရေ ၃,၀၀၀ ကျော်လောက် ရှိပါ တယ်ဗျ” ဟု ဆက်ပြောသည်။

မောချောင်းနဘေးရှိ ကျေးရွာများဖြစ်သော အောင်မြင်၊ သရခါအနောက်ဘက်၊ ထလင်း၊ ထန်းပင်ကုန်း၊ တော ရောင်း၊ ဝက်သက်၊ ဝါးဘင်း၊ ညောင်ကန်၊ ဟင်းခွပ်ကုန်း၊ ကင်းဘန်း၊ အင်းနား၊ ကန်ဇွန်းထောင့်နှင့် သံသေချောင်း ဘေးရှိ ဆွဲလည်း၊ ယုန်ဆင်း၊ မင်းလည်၊ လုံးပေါင်၊ လက်ပံ၊ အုံးတွဲ၊ ကွမ်းဇဲ၊ ဝါးရင်းချိုင်၊ ပုဏ္ဏားကျေးရွာ အစရှိ သည့် ကျေးရွာများတွင် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး အခြားရွာများတွင်လည်း ပျက်စီးမှုများရှိခဲ့သည်။

ထို့ကြောင့် ထီးလင်းမြို့နယ်အတွင်းမှ စစ်ဘေးသင့်၊ မီးဘေးသင့်၊ ရေဘေးသင့်ပြည်သူများအတွက် တတ်နိုင်သမျှ ဝိုင်းဝန်း အကူအညီပေးကြရန်၊ သတင်းဖြန့်ပေးကြရန် Yaw Revolution Army-ထီးလင်း မှ တာဝန်ခံ ကိုကောင်း က မေတ္တာရပ်ခံတောင်းဆိုထားသည်။

အိုင်းမပြင် စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ထန်းပင်ကုန်း ကျေးရွာကို မီးရှို့ခဲ့သောကြောင့် တစ်ရွာလုံးနီးပါး ပြာကျကာ ရွာထဲတွင် မနေရဲကြ၍ အိုင်းမပြင်တွင် ယာယီတဲ များတည်ဆောက်ပြီး ပြောင်းရွေ့နေထိုင်သူများ ဖြစ်ကြသည်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...