ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာက ရွှေတူးစက်လှေများအား စစ်ကောင်စီမှ ဖမ်ဆီးမီးရှို့

ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာက ရွှေတူးစက်လှေများအား စစ်ကောင်စီမှ ဖမ်ဆီးမီးရှို့

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာမှာ ရွှေတူးဖော်နေကြတဲ့ ရွှေတူးစက်လှေတွေကို စစ်ကောင်စီ ဘက်ကနေ ဖမ်းဆီးမီးရှို့တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ဒုတိယပတ်ကစပြီး မြလယ်ကျေးရွာကမ်းနားက ရွှေတူးဖော်နေဲ့ စက်လှေဖောင်တွေကို စစ်တပ်က ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

မြလယ်ကျေးရွာ ဒေသခံတစ်ဦးက “ဗန်းမော်ဘက် ဖမ်းသွားတာတော့ ဘယ်လိုဖြစ်ပြီလဲမသိဘူး။  ဗန်းမော်ရုံးမှာ ဖြေရှင်းကြပြီထင်တယ်” လို့ ဆိုပါတယ်။

မြလယ်ကျေးရွာ အနောက်ဘက်ခြမ်းမှာ လှုပ်ရှားသွားလာမှုတွေ လုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်မ ၈၈ တပ်ရင်းက မေလ ၁၁ ရက်နေ့ကစပြီး ရွှေတူးတဲ့ စက်လှေတွေကို ဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီတပ်မ (၈၈) က မြလယ်ကျေးရွာ ကမ်းနားတွေမှာ ရွှေတူးဖော်နေကြတဲ့ စက်လှေတွေကို ဖမ်းဆီးမှု တွေ ပြုလုပ်ခဲ့ပြီး ဗန်းမော်မြို့ဘက်ကို ပို့လိုက်တယ်လို့ မြလယ်ကျေးရွာဒေသခံတစ်ဦးက မြစ်ကြီးနား သတင်း ဂျာနယ်ကို ပြောပါတယ်။

အဲဒီဒေသတွေဘက်ကို စစ်ကောင်စီက စစ်ရေးလှုပ်ရှားတဲ့ အချိန် ငွေတောင်းခံတာတွေ ပြုလုပ်လေ့ရှိပြီး ငွေပေး ဆောင်တာမျိုး မရှိရင် မီးရှို့ဖမ်းဆီးတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တစ်ချို့ကိုက သူတို့လာပြီး မီးလာရှို့သွားတယ်။ ခုလောလောဆယ်တော့ ရွှေဖောင်တွေ မတွေ့မိဘူး။ တစ်စီးမှ မတွေ့ဘူး” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

ရွှေတူးစက်လှေတွေ ဖမ်းဆီးပြီးနောက် မေလ ၁၃ ရက်နေ့မှာတော့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ဖောက်ပြီးတော့ ကမ်းစပ်နားက ရွှေတူးစက် လှေ ၅ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မဖမ်းဆီးခင်အချိန်ထိ မြလယ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့ ရွှေတူးစက်လှေအစီး ၃၀ ခန့် ရှိတယ်လို့ သိရပါ တယ်။

ဓါတ်ပုံ - ပုံဟောင်းဖြစ်ပါသည်။

August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...
August 24, 2026
ကချင်မြေ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် Northern Rehabilitation Center for Amputees (NRC...