KIO တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ၁၄၀၀ ကျော်ရှိ

KIO လိုင်ဇာဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သော ကျောင်းသူ/သားများ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပညာရေးကျောင်းများ၏ ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် ကျောင်းသား ၁၄၀၀ ကျော် ဖြေဆိုအောင်မြင်ခဲ့သည်။

အောင်စာရင်းကို ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် ကြေငြာခဲ့ပြီး နှစ်တိုင်း အောင်ချက်ရာခိုင်နှုန်း ပုံမှန်ရှိသည်ဟု KIO အစိုးရ ဗဟိုပညာရေးဌာန အတွင်းရေးမှူး ဆရာ နော်ထွယ်က KNG ကို ပြောသည်။

“အောင်ချက်ကတော့ ပုံမှန်ဘဲ များလည်းမများဘူး နည်းလည်းမနည်းဘူး၊ ကျောင်းသားကတော့ မနှစ်ကထက် ပိုများလာတာပေါ့” ဟု ပြောသည်။

တက္ကသိုလ်၀င်တန်း ဖြေဆိုသည့် ကျောင်းသားများမှာ ပြီးခဲ့သည့်နှစ်တွင် လူဦးရေ ၁ထောင်‌ကျော် မျှသာရှိခဲ့သော် လည်း ယခုနှစ်တွင် ကျောင်းသား ၃၀၀၀ ဝန်းကျင်ထိရှိခဲ့ကြောင်း သိရသည်။

ယခုအောင်စာရင်းမှာ KIO ထိန်းချုပ်နယ်မြေရှိ အထက်တန်း ၈ ကျောင်းအနက် ၅ ကျောင်းမှ အောင်မြင်လာသူ များ ဖြစ်ပြီး ဂုဏ်ထူးထွက်သည့် ကျောင်းသား စုစုပေါင်း ၂၄၀ ကျော်ရှိကာ ဂုဏ်ထူးအများဆုံးမှာ ၅ ဘာသာအထိ ရှိခဲ့သည်ဟု KIO အစိုးရ ဗဟိုပညာရေးဌာန ထံမှ သိရသည်။

အများစုမှာ လိုင်ဇာမြို့နှင့် မိုင်ဂျာယာန်မြို့ရှိ အထက်တန်းကျောင်းများမှ ဖြစ်ကြသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသားများအနေဖြင့် KIO အစိုးရ ဗဟိုပညာရေးဌာန လက်အောက်ရှိ တက္ကသိုလ်ကျောင်းများတွင် ပညာဆက်လက်သင်ကြားနိုင်ပြီ ဖြစ်သည်ဟု KIO အစိုးရ ဗဟိုပညာရေးဌာန အတွင်းရေးမှူး ဆရာနော်ထွယ် က ဆက်ပြောသည်။

“အောင်ပြီဖြစ်တဲ့ ကျောင်းသားတွေကတော့ ကျွန်တော်တို့နယ်မြေမှာ ဖွင့်ထားတဲ့ မိုင်ဂျာယာန် ကောလိပ်၊ ဆရာ အတတ်သင် ကျောင်းတွေ၊ ဉပဒေကျောင်း၊ သူနာပြုကျောင်း စတဲ့ကျောင်းတွေမှာ ပညာဆက်လက်သင်နိုင်ပြီ” ဟု ပြောသည်။

KIO အစိုးရ ထိန်းချုပ်နယ်မြေတွင် ဆယ်တန်းကို တက္ကသိုလ်ဝင်တန်းအဖြစ် ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သည် နောက်ဆုံးအကြိမ်ဖြစ်ပြီး လာမည့်နှစ်များတွင် ၁၂ တန်းထိ တိုးသွားမည်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ မြို့ပေါ်ရှိ စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည့် အပြင် စစ်ကောင်စီ လက်အောက်တွင် ပညာသင်ယူလိုခြင်း မရှိကြတော့သည့်နောက် KIO ထိန်းချုပ်နယ်မြေရှိ စာသင်ကျောင်းများတွင် တက်ရောက်သော ကျောင်းသား ဦးရေ များပြားလာခဲ့ ခြင်း ဖြစ်သည်။

ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...