KIO တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ၁၄၀၀ ကျော်ရှိ

KIO လိုင်ဇာဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သော ကျောင်းသူ/သားများ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပညာရေးကျောင်းများ၏ ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် ကျောင်းသား ၁၄၀၀ ကျော် ဖြေဆိုအောင်မြင်ခဲ့သည်။

အောင်စာရင်းကို ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် ကြေငြာခဲ့ပြီး နှစ်တိုင်း အောင်ချက်ရာခိုင်နှုန်း ပုံမှန်ရှိသည်ဟု KIO အစိုးရ ဗဟိုပညာရေးဌာန အတွင်းရေးမှူး ဆရာ နော်ထွယ်က KNG ကို ပြောသည်။

“အောင်ချက်ကတော့ ပုံမှန်ဘဲ များလည်းမများဘူး နည်းလည်းမနည်းဘူး၊ ကျောင်းသားကတော့ မနှစ်ကထက် ပိုများလာတာပေါ့” ဟု ပြောသည်။

တက္ကသိုလ်၀င်တန်း ဖြေဆိုသည့် ကျောင်းသားများမှာ ပြီးခဲ့သည့်နှစ်တွင် လူဦးရေ ၁ထောင်‌ကျော် မျှသာရှိခဲ့သော် လည်း ယခုနှစ်တွင် ကျောင်းသား ၃၀၀၀ ဝန်းကျင်ထိရှိခဲ့ကြောင်း သိရသည်။

ယခုအောင်စာရင်းမှာ KIO ထိန်းချုပ်နယ်မြေရှိ အထက်တန်း ၈ ကျောင်းအနက် ၅ ကျောင်းမှ အောင်မြင်လာသူ များ ဖြစ်ပြီး ဂုဏ်ထူးထွက်သည့် ကျောင်းသား စုစုပေါင်း ၂၄၀ ကျော်ရှိကာ ဂုဏ်ထူးအများဆုံးမှာ ၅ ဘာသာအထိ ရှိခဲ့သည်ဟု KIO အစိုးရ ဗဟိုပညာရေးဌာန ထံမှ သိရသည်။

အများစုမှာ လိုင်ဇာမြို့နှင့် မိုင်ဂျာယာန်မြို့ရှိ အထက်တန်းကျောင်းများမှ ဖြစ်ကြသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသားများအနေဖြင့် KIO အစိုးရ ဗဟိုပညာရေးဌာန လက်အောက်ရှိ တက္ကသိုလ်ကျောင်းများတွင် ပညာဆက်လက်သင်ကြားနိုင်ပြီ ဖြစ်သည်ဟု KIO အစိုးရ ဗဟိုပညာရေးဌာန အတွင်းရေးမှူး ဆရာနော်ထွယ် က ဆက်ပြောသည်။

“အောင်ပြီဖြစ်တဲ့ ကျောင်းသားတွေကတော့ ကျွန်တော်တို့နယ်မြေမှာ ဖွင့်ထားတဲ့ မိုင်ဂျာယာန် ကောလိပ်၊ ဆရာ အတတ်သင် ကျောင်းတွေ၊ ဉပဒေကျောင်း၊ သူနာပြုကျောင်း စတဲ့ကျောင်းတွေမှာ ပညာဆက်လက်သင်နိုင်ပြီ” ဟု ပြောသည်။

KIO အစိုးရ ထိန်းချုပ်နယ်မြေတွင် ဆယ်တန်းကို တက္ကသိုလ်ဝင်တန်းအဖြစ် ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သည် နောက်ဆုံးအကြိမ်ဖြစ်ပြီး လာမည့်နှစ်များတွင် ၁၂ တန်းထိ တိုးသွားမည်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ မြို့ပေါ်ရှိ စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည့် အပြင် စစ်ကောင်စီ လက်အောက်တွင် ပညာသင်ယူလိုခြင်း မရှိကြတော့သည့်နောက် KIO ထိန်းချုပ်နယ်မြေရှိ စာသင်ကျောင်းများတွင် တက်ရောက်သော ကျောင်းသား ဦးရေ များပြားလာခဲ့ ခြင်း ဖြစ်သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...