တစ်သျှူးငှက်ပျောခြံမှ စွန့်ပစ်သော အမှိုက်များကို တာဝန်ယူပေးရန် တောင်းဆို

တစ်သျှူးငှက်ပျောခြံမှ စွန့်ပစ်သော အမှိုက်များကို တာဝန်ယူပေးရန် တောင်းဆို

ဝိုင်းမော်မြို့ တစ်သျှူးငှက်ပျောခြံများတွင် စွန့်ပစ်ထားသော ပလပ်စတစ်အမှိုက်များကို စနစ်တကျ သိမ်းဆည်းစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

ဝါးရှောင်ကျေးရွာအထက် ဂေါ်ဆက်ယန်နှင့် အနီးတစ်ဝိုက်ရှိ တစ်သျှူး ငှက်ပျောခြံများတွင် စည်းကမ်းမဲ့စွာ စွန့်ပစ်ထားသည့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ငှက်ပျောခြံကုမ္ပဏီများကို ညွန်ကြားစေလိုကြောင်း ငှက်ပျော်ခြံအနီး နေထိုင်သူ ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“ဖြစ်နိုင်ရင် ဒီငှက်ပျောခြံကို ဘယ်အစိုးရဘက်ကဖြစ်ဖြစ် ရပ်တန့်ခိုင်းရင်လိုက်တော့ ပိုပြီးကောင်းမယ်လို့မြင်တယ်၊ ဒီငှက်ပျောခြံလုပ်တဲ့ ကုမ္ပဏီဘက်ကဖြစ်ဖြစ်၊ သူဌေးတွေဖြစ်ဖြစ် သူတို့အသုံးပြုပြီးသား အမှိုက်တွေကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိရမယ်၊ ကျွန်တော်တို့ နယ်မြေမှာတော့ ပလက်စတစ်၊ ဖော့တွေကိုတော့ လုံးဝ မပစ်ပေးဖို့” ဟု ပြောသည်။

ယခင်က ငှက်ပျောစိုက်ပျိုးသည့်အချိန် အသုံးပြုသည့် ဓာတုဆေးများကြောင့် ချောင်းအတွင်းမှ ငါးများ သေဆုံးခြင်း၊ ဒေသတွင်း စိုက်ပျိုးသီးနှံများ မဖြစ်ထွန်ခြင်း၊ ကျွဲ နွား တိရစ္ဆာန်များ ပလပ်စတစ် အမှိုက်စားမိရာမှ အစာမချေနိုင်ဘဲ ဗိုက်ဖောင်းပြီး သေဆုံးခြင်းတို့ဖြစ်ခဲ့ကြောင်း သိရသည်။

April 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး...
April 25, 2026
ဂျာဘောက်ရာ — ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့...
April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...