နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် ဆန်တစ်အိတ် ကျပ်တစ်သိန်းကျော်အထိ စျေးတက်နေ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် ဆန်တစ်အိတ် ကျပ်တစ်သိန်းကျော်အထိ စျေးတက်နေ

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် ဆန်တစ်အိတ် ကျပ်တစ်သိန်းကျော်အထိ စျေးတက်နေကြောင်း ဒေသခံများပြောသည်။

ပြီးခဲ့သော ၂ လခန့်မှစတင်ကာ ယခင်က ပေါ်ဆန်းမွေးတစ်အိတ် ကျပ် ၇၀၀၀၀ ဝန်းကျင်မှ ယခု ကျပ် ၁၁၀၀၀၀ ၊ ယခင်က ငွေတိုး ဆန်တစ်အိတ် ကျပ် ၆၀၀၀၀ ခွဲဝန်းကျင်မှ ယခု ၁၀၅၀၀၀ ကျပ်နှင့် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၉၅၀၀၀ အထိ စျေးတက်နေသောကြောင်း နန်ယွန်းမြို့ခံ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“အောက်ပိုင်းကဆန်တွေကလမ်းပန်းဆက်သွယ်ရေးခက်တော့ ဒီမှာရောက်ဖို့ကမလွယ်ဘူးလေ။ တနိုင်းကနေ သယ်မယ်ဆိုရင် ၂ရက် ၃လုံး ရက်လောက်မှဒီရောက်တာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးတော့ ဆန်စျေးတွေကလည်း အောက်ပိုင်းမှာ တက်နေတော့ဒီမှာက ၂ဆလောက်ကို စျေးပြန်တက်တာ ဒေသခံတွေက မတတ်နိုင်လည်း ဝယ်စားနေရတာ။ မဝယ်စားရင်လည်း စားစရာမှမရှိတာ”ဟု ၎င်းက ပြောသည်။

နန်းယွန်းမြို့နယ်တွင် လယ်မြေမရှိသည့်အတွက် ဒေသခံများက တောင်ယာစပါးကိုသာအဓိက အားထားနေရပြီး ယမန်နှစ် တောင်ယာ စပါးများမဖြစ်ထွန်းသောကြောင့် ယခုနှစ်အောက်ပိုင်းမှ တင်ပို့သည့် ဆန်များကို စျေးကြီးပေး၍ ဝယ်စားနေရကြောင်း ဒေသခံများထံမှ သိရသည်။

“ခါတိုင်းနှစ်လည်း တောင်ယာစပါး မကောင်းတဲ့နှစ်ဆိုရင်တော့ အခုလိုပဲဝယ်စားကြတာ ဒါပေမယ့်အလွန်ဆုံး စျေးတက်ရင် ၈၀၀၀၀ခွဲ ဝန်းကျင်ပဲ ဒီ ၂ နှစ် သုံးနှစ်ထဲတော့ အခုက စျေးအရမ်းတက်တယ်ပြောရမယ်။ အာဏာမသိမ်းခင်ဆိုရင် တစ်အိတ်ကို လေးသောင်း ခွဲဝန်းကျင်ပဲလေ”ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

နန်းယွန်းဒေသသည် စီးပွားရေးဖွံ့ဖြိုးမှု အလွန်အားနည်းသည့်အပြင် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးသောကြောင့် ယခုကဲ့သို့ဆန်စျေးတက်နေချိန်တွင် ဒေသခံများ စားဝတ်နေရေးအတွက်ခက်ခက်ခဲခဲ ရုန်းကန်နေရကြောင်းလည်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွက် ဆန်အပါအဝင် လူသုံးကုန်နဲ့အခြားပစ္စည်းများကို လီဒိုလမ်းမကြီးအတိုင်း မြစ်ကြီးနား၊ တနိုင်းဘက်မှတင်သွင်းရပြီး မိုင်ပေါင်း ၄၀ နီးပါးဝေးသည့် နန်းယွန်းနဲ့ ရှင်ဗွေယန်ကြားတွင် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသောကြောင့် မိုးသွန်းကာလတွင် ကုန်ကားကြီးများ တစ်ပတ်နီးပါး လမ်းခရီးကြာမြင့်ကြောင်း သိရသည်။

နန်းယွန်းမြို့နယ်သည် ကျေးရွာအုပ်စုပေါင်း ၆၀ ကျော်နှင့် ကျေးရွာပေါင်း ၁၀၀ ကျော် အိမ်ထောင်စု ၁၀၀၀၀ နီးပါးရှိသည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...