SNA တပ်စခန်းတစ်ခုကို KIA နှင့် PDF တို့ တိုက်ခိုက်သိမ်းပိုက်ထား

SNA တပ်စခန်းတစ်ခုကို KIA နှင့် PDF တို့ တိုက်ခိုက်သိမ်းပိုက်ထား

ကချင် နှင့် စစ်ကိုင်းနယ်စပ် ဟုမ္မလင်းမြို့နယ် မန်ဇိန်းကျေးရွာအနီး နန့်ကသာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့မှ တိုက်ခိုက် သိမ်းပိုက်ထားသည်ဟု သိရသည်။

ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၂၆ အဖွဲ့ကတိုက်ခိုက်ခဲ့ပြီး လက်ရှိ အဆိုပါ  SNA တပ်စခန်းကို သိမ်းပိုက်ထားသည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောသည်။

“စခန်းကတော့ သိမ်းထားနိုင်တယ် အခုအဲ့စခန်းမှာ KIA က တပ်ထိုင်ထားတယ်။ တိုက်ပွဲဖြစ်တာက ခဏလေးပဲ သွားပစ်တာနဲ့ အထဲမှာရှိနေတဲ့ စစ်သားတွေ အကုန်ထွက်ပြေးသွားတယ်။ လက်နက်ပစ္စည်းတွေက သိမ်းနိုင်တာ မရှိဘူး။ ဒါပေမယ့် သူတို့ဘက်က ထိခိုက်သွားတာတော့ရှိတယ်”ဟုပြောသည်။

SNA တပ်စခန်းနေရာ တိုက်ခိုက်ခံရမှုတွင် SNA ဘက်က ထိခိုက်ဒဏ်ရာရရှိသူ ၁၈ ဦးထက်မနည်းရှိနိုင်ပြီး KIA ဘက်ကလည်း ၅ ဦး ထိခိုက်မှုရှိခဲ့ကြောင်း သူက ဆက်ဆိုသည်။

တိုက်ခိုက်ခံရသည့် SNA တပ်စခန်းတွင် စစ်အင်အား ၃၀ နှင့် ၄၀ ကြား ပုံမှန်တပ်ထိုင်ထားသည့် စခန်းနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရသည် SNA စခန်းသည် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ ကားဖြင့် တစ်နာရီခန့်အကြာ မောင်းနင်းရသည့် နေရာတွင်တည်ရှိပြီး ဟုမ္မလင်း နှင့် ဗန်းမောက်မြို့နယ်တို့ကြား အဓိက ဆက်သွယ်ထားသည့် လမ်းပိုင်းနေရာတွင် တပ်ချထားသည့် တပ်စခန်းအကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

ယခုလို KIA တပ်ဖွဲ့ဘက်မှ SNA စခန်းကိုသိမ်းပိုက်ထားသောကြောင့် စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း KIA တပ်ရင်း ၂၆ နယ်မြေ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ SNA တပ်စခန်း ၂ ခုကို KIA က သွားရောက်တိုက်ခိုက်ခဲ့သည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...