စစ်ကိုင်းတွင် PDF ပူးပေါင်းတပ် စခန်းတစ်ခု စီးနင်းခံရမှုကြောင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းခံရ

စစ်ကိုင်းတွင် PDF ပူးပေါင်းတပ် စခန်းတစ်ခု စီးနင်းခံရမှုကြောင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းခံရ

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF တပ်ချနေထိုင်ထားသည့် ယာယီတပ်စခန်းတစ်ခု စီးနင်းတိုက်ခိုက်ခံရမှုကြောင့် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းခံလိုက်ရပြီး ငွေကြေးတန်ဖိုးအရ သိန်း ၅၀၀ ဝန်းကျင်အထိ လက်လွတ်ဆုံးရှုံးလိုက်ရကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ ထံမှသိရသည်။

ဧပြီလ ၈ ရက်နေ့ ကာကွယ်ရေးတပ်ဖွဲ့များတည်ရှိရာ နေရာကို စစ်ကောင်စီတပ်က ထောက်ပို့ရဟတ်ယာဉ် ၂စီးဖြင့် စစ်အင်အားအများအပြာ လာရောက်ပို့ချခဲ့ပြီးနောက် လေကြောင်းအပါ မြေပြင်အတွင်းမှ ဝင်ရောက်စီးနင်းခံလိုက်ရသည်ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

“ကျနော်တို့တည်နေရာကို ရဟတ်ယာဥ်နှစ်စီးနဲ့အတိအကျကိုလာပစ်တယ် ပြီးတော့ လူတွေချတယ် ပြီးတာနဲ့ ချက်ချင်းစခန်းကိုဝင်စီးတယ် ဝေဟင်ကရောမြေပြင်ကရောပစ်တာဖြစ်တဲ့အတွက် ကျနော်တို့လည်းပြန်ခုခံလို့ မရတဲ့အတွက်နောက်ဆုတ်ခဲ့ရတယ် ရဲဘော်တွေ အကုန်အသက်လုပြေးရတဲ့အတွက် ဘာပစ္စည်းမှမရခဲ့ဘူး ဆုံးရှုံးမူက သိန်း၅၀၀ လောက်ဆုံးရှုံးခဲ့ရပါတယ်။ ရဲဘော်တစ်ဦးကတော့စိုးရိမ်ရပါတယ် အခုတော့ဆေးကုသနေဆဲပါ”ဟုပြောသည်။

တပ်စခန်း စီးနင်းခံလိုက်ရသည့်နောက်ပိုင်း ၅ နာရီခန့်အကြာတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်သားများရှိသည့်နေရာဘက်သို့ တန်ပြန်သွားရောက်တိုခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့သည်််ဟုသိရသည်။

ထို့နောက် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ် ၂ စီးဖြင့် ထပ်မံပြီး လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ့တစ်ချိို့ ထိခိုက်မှုရှိခဲ့ပြီး ကျေးရွာအတွင်းရှိသော ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနှင့် နေအိမ် အများအပြားလည်း ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆက်ဆိုသည်။

အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်း စီးနင်းတိုက်ခိုက်ခံလိုက်ရမှုတွင် နဂါးနီပြောက်ကျားတပ်ဖွဲ့၊ MDY မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် အခြားကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့ ပူးပေါင်းနေထိုင်ထားသည့် တပ်စခန်းတစ်ခုဖြစ်သောကြောင့် လက်နက်ခဲယမ်း၊ စားနပ်က္ခာ၊ ဆိုင်ကယ်၊ ဆေးပစ္စည်း၊ ယူနီဖောင်းနှင့်အသုံးအဆောင် ပစ္စည်းအများအပြား ဆုံးရှုံးခဲ့ရသည်ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ ဘက်မှလည်း ထုတ်ပြန်ကြေညာထားသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...