ရွှေကူ စီသောင်ရွာ ထပ်မံ ဗုံးကျဲတိုက်ခိုက်ခံရသဖြင့် ရွာလုံးကျွတ်မီးလောင်မှုဖြစ်ပွားခဲ့

ရွှေကူ စီသောင်ရွာ ထပ်မံ ဗုံးကျဲတိုက်ခိုက်ခံရသဖြင့် ရွာလုံးကျွတ်မီးလောင်မှုဖြစ်ပွားခဲ့

ရွှေကူမြို့နယ် အရှေ့ဘက် စီသောင်းကျေးရွာကို စစ်ကောင်စီတပ်မှ ဧပြီလ ၉ ရက်နေ့တွင် လေယာဉ် ၂ စီးဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာတစ်ခုလုံး မီးလောင်ပြာကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရွှေကူမြို့မှ ၉ မိုင်ကျော်အကွာတွင်ရှိသော စီသောင်းကျေးရွာကို စစ်ကောင်စီတပ်သည် လေကြောင်းအပြင် မြေပြင်တွင်လည်း မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သဖြင့် ကျေးရွာတစ်ခုလုံး ပြာကျသွားသည့်အထိ ဖြစ်ခဲ့ရသည်ဟု ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

“တစ်ရွာလုံးမီးထဲပါသွားတယ် လေယာဥ် ၂ စီးနဲ့လာကျဲသွားတာ အစောကြီးလာကျဲသွားတာ လေယာဥ်နဲ့ကျဲပြီး မလောင်သွားတဲ့ အိမ်တွေတော့ လေယာဥ်ထွက်သွားပြီးနောက် စစ်သား တွေရွာထဲ ဝင်ပြီးပြန်ရှို့တာ ဘာမှရစရာမရှိတော့ဘူး”ဟု ပြောသည်။

စီသောင်ရွာသည် အိမ်ခြေ ၁၅၀ ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး  နေအိမ်များအပြင် ပြည်သူပိုင်ဖြစ်သည့် စပါးများ၊ အိမ်မွေးတိရစ္ဆာန် ကြက်၊ ဝက်၊ နွား အများအပြားလည်း ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် စီသောင်းကျေးရွာကို ဧပြီလ ၆ ရက်နေ့ ပထမအကြိမ် ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့ပြီး ယခုအကြိမ် တိုက်ခိုက်ခံရမှုသည် ဒုတိယအကြိမ်ဖြစ်သည်။

မတ်လ ၂၃ ရက်နေ့တွင် ရွှေကူအရှေ့ခြမ်းရှိ ကျေးရွာများ၌ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF တို့ဖြင့် ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ အထိနာခဲ့သောကြောင့် စစ်ရေးတင်းမာမှု ယနေ့အထိ ဖြစ်ပွားနေဆဲဖြစ်သည်။

ရွှေကူအရှေ့ဘက်ခြမ်းရှိသော ကျေးရွာများတွင်  တစ်ပတ်ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏  ဗုံးကျဲတိုက်ခိုက်မှု ၅ ကြိမ် ထက်မနည်း ရှိခဲ့ပြီး မတ်လ ၃၀ ရက်နေ့တွင် စီမူလေးရွာနှင့် မံဝိန်းရွာ၊  ဧပြီ ၅ ရက်နေ့ စီမူလေး၊ စီမူကြီးနှင့် စီသာကျေးရွာ၊ ဧပြီ ၆ ရက်နေ့ တုံးကောက်ကျေးရွာနှင့် စီသောင်ကျေးရွာ၊ ဧပြီ ၉ ရက်နေ့တွင် မံခါးကျေးရွာတို့တွင် ဗုံးကျဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...