စစ်တပ် ဖမ်းဆီးထားသော ရွှေကူ ကုန်စုံဆိုင်ပိုင်ရှင် နှင့် ဝန်ထမ်းများ ပြန်မလွတ်လာသေး

စစ်တပ် ဖမ်းဆီးထားသော ရွှေကူ ကုန်စုံဆိုင်ပိုင်ရှင် နှင့် ဝန်ထမ်းများ ပြန်မလွတ်လာသေး

ရွှေကူမြို့တွင် စစ်ကောင်စီတပ်မှ ဖမ်ဆီးသွားသော ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦး နှင့် ဆိုင်ဝန်ထမ်းနှစ်ဦးတို့ကို တစ်ပတ်နီးပါးကြာသည်အထိ အဆက်သွယ် မရသေးကြောင်း စုံစမ်းသိရှိရသည်။

 ဖမ်းဆီးခံရသည့် ရွှေကူမြို့ အမှတ် ၂ ရပ်ကွက်မှ ကုန်စုံဆိုင်လင်မယားနှစ်ဦးဖြစ်သည့် ဦးဖိုးလှိုင်၊ ဒေါ်နွဲ့ဝင်း နှင့် ဆိုင် ဝန်ထမ်းအမျိုးသမီးနှစ်ဦး စုစုပေါင်း ၄ ဦးတို့ကို  ဧပြီလ ၂ ရက်နေ့ တွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ကွက်ရပ်ထဲကပဲလေး စေတီကုန်းရပ်ကွက် အမှတ် ၂ ကျောင်းရှေ့ကဟုတ်တယ် သူတို့က ကုန်စုံဆိုင်ဖွင့်ထားတာ အဲ့တာကို PDF ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲပြီးဖမ်းသွားတာ တစ်ပတ်နီးပါးရှိနေပြီ မလွတ်သေးဘူး ဘာသတင်းဆက်သွယ်မှကို မရသေးဘူး ဘယ်မှာထိန်းသိမ်းထားမှန်းကိုမသိဘူး“ဟု၎င်းတို့နှင့် ရင်းနှီးသူတစ်ဦးက KNG ကို ပြောသည်။

 ရွှေကူတွင် မတ်လ ၂၉ ရက်နေ့ကလည်း ရေလဲ၊ စီမူကြီး ၊စီမူလေး နှင့် စီသောင် စသည့်ကျေးရွာဖက်မှပြည်သူများ မြို့ပေါ်ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေစဉ် စစ်ကောင်စီတပ်ရောက်လာပြီး စစ်ရှောင် ၄၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့မှာလည်း လက်ရှိအချိန်ထိ လွှတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

 မတ်လကုန်ပိုင်းမှစတင်ကာ ရွှေကူမြို့နယ်အရှေ့ဘက်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား စစ်ရေးပြင်းထန်နေပြီး စစ်တပ်မှ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလည်း ပြုလုပ်နေသည်ဟု သိရသည်။

July 14, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်များကို စစ်တပ်က တစ်ပတ်ကျော်ကြာ ပိတ်ထား...
July 14, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းချနေ ကြကြောင်း...
July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...
July 9, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်မြောက်...