အင်းတော် ဒေသခံတစ်ဦး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရ

အင်းတော် ဒေသခံတစ်ဦး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရ

ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် နတ်မဟုတ် ကလေးကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ်ဖမ်းဆီးထားသော ဒေသခံတစ်ဦးကို စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ် ကိုအေးမင်းထွန်းသည် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ အရပ်ဝတ်ဖြင့် ကျေးရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်များကို စကားသွားပြောရာမှ ဖမ်းဆီးခံရလိုက်ရခြင်း ဖြစ်သည်။

“သူဖမ်းခံရတာက နားရခေါင်ရွာမှာဖမ်းခံလိုက်ရတာ မတ်လ ၅ ရက်နေ့မှာစစ်သားတွေက အရပ်ဝတ်တွေနဲ့ရွာထဲကို ဝင်လာပြီး စစ်နေတာ အဲ့တာကိုသူက PDF လို့ထင်ပြီးမှ စကားသွား ပြောလိုက်တာအဲ့ချိန်ဖမ်းသွားတာ”ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်မှုပုဒ်မ ၅၀ (ည) နှင့် ၅၂ (က) တို့ဖြင့် တရားစွဲခံရကာ ဧပြီ ၁ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်တကျွန်း ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကိုအေးမင်းထွန်းသည် ဖမ်းဆီးခံရစဉ်ကတည်းက ယနေ့အချိန်ထိ မိသားစုဝင်များဖြင့် ဆက်သွယ်ခွင့်တစ်ကြိမ်သာ ရရှိခဲ့ပြီး အင်းတော်စစ်တပ်ကုန်းတွင်သာ ထိန်းသိမ်းခံထားရကြောင်း သိရသည်။

စစ်ကောင်စီသည် လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း အင်းတော်မြို့မှ ကိုမင်းမင်းဦး ဆိုသူကို ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ကာ ထောင်ဒဏ်တသက်တစ်ကျွန်း ချမှတ်ခဲ့သည်။

အင်းတော်မြို့နယ်တွင် စစ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီ ဖမ်းဆီးထားသည့် ပြည်သူ ၆၀ ကျော်အထိ ရှိလာပြီး အများစုမှာ အမှုမဖွင့်ပဲ အင်းတော် စစ်တပ်ကုန်းနှင့် ရဲအချုပ်ခန်းတွင်သာ ထိန်းသိမ်းထားကြောင်း သိရသည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...