ရွှေကူ စီမူလေးရွာအနီးတိုက်ပွဲဖြစ်၊ အရပ်သား ၃၀ ကျော်လည်းဖမ်းဆီးခံထားရ

ရွှေကူ စီမူလေးရွာအနီးတိုက်ပွဲဖြစ်၊ အရပ်သား ၃၀ ကျော်လည်းဖမ်းဆီးခံထားရ

ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမူလေးကျေးရွာအနီးတွင် ယနေ့ နံနက် ၆ နာရီဝန်းကျင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နန့်လန်ကျေးရွာ မှ အရပ်သား ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားသည်ဟု သိရသည်။

စီမူလေးနှင့် စီမူကြီး ကျေးရွာ ၂ခုကြားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများကို ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

“နန့်လန်ရွာထဲမှာလည်း အဖမ်းခံထားရတဲ့ ပြည်သူတွေ ၃၀ ကျော်နေပြီလို့ပြောတယ်။ အဲ့မှာက အမျိုးသားတွေပဲဖမ်းခံရတာ အဲ့ရွာတွေက တိုက်ပွဲတွေဖြစ်နေလို့ ကြောက်လို့ ရွာထဲမှာသိပ်မနေကြဘူး။ သူတို့ရဲ့ ကျွဲ၊နွားတွေနဲ့ အိမ်တွေကို စိတ်မချလို့ ခဏလာကြည့်ကြရင်း သွားတဲ့အခါမှာ စစ်ကြောင်းနဲ့တိုးလို့ ဖမ်းခံလိုက်ကြတာဟုတ်။ ဖမ်းခံရတဲ့သူတွေ တစ်ယောက်မှ ပြန်မလွတ်လာကြသေးဘူး”ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားမှု ၁ နာရီခန့် ကြာမြင့်ခဲ့ကြောင်းသိရပြီး ပစ်ခတ်မှုအတွင်း နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုရှိမရှိ စုံစမ်းအတည်ပြုနေဆဲဖြစ်သည်။

ဖမ်းဆီးခံထားရသော ပြည်သူ ၃၀ ကျော်သည် ကျေးရွာချင်းကပ် နန့်လန်၊ နောင်လတ်ကြီး၊ ဝင်ဝ စသည့် ကျေးရွာ ပြည်သူများဖြစ်ကြောင်း သိရသည်။

ရွှေကူအရှေ့ဘက်ခြမ်းတွင် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ စစ်အင်အား ၁၀၀ ကျော်ခန့်ရှိသည့်  စစ်ကောင်စီ တပ်မ ၇၇၊ တပ်မ ၁၀ ပူးပေါင်းတပ်တို့သည် ကျေးရွာတစ်လျှောက်တွင် စစ်ကြောင်းထိုးဝင်ရောက်နေပြီး KIA နှင့် PDF ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာမှုဖြစ်ကာ ယနေ့အထိ တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီ ဖြစ်သည်။

စစ်ရေးတင်းမာမှုဖြစ်ပွားနေသော ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများဖြစ်ကြသည့် Atom ဖုန်းလိုင်း၊ Mytel ဖုန်းလိုင်းနဲ့၊ MPT ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားသည်ဟုလည်း သိရသည်။

အဆိုပါ ရွှေကူမြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာ ၈ နေရာခန့်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ကာ တပ်စွဲထားသည့်အတွက်ကြောင့် ဒေသခံထောင်ချီသည် တိုက်ပွဲဖြစ်ပွားမှုမရှိသေးသည့် နီးစပ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...