စရဖ အရာရှိတစ်ဦးကို မိုးညှင်း KPDF အဖွဲ့ ပစ်ခတ်ရှင်းလင်းကြောင်း ထုတ်ပြန်

စရဖ အရာရှိတစ်ဦးကို မိုးညှင်း KPDF အဖွဲ့ ပစ်ခတ်ရှင်းလင်းကြောင်း ထုတ်ပြန်

ကချင်ပြည်နယ် မိုးညှင်းမြို့ ညောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီ လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိ တစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မိုးညှင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

မတ်လ ၂၆ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် စရဖအရာရှိဆိုသူ အမျိုးသားအပါအဝင် အမျိုးသား ၃ ဦးသည် မိုးညှင်း – နမ္မား လမ်းအတိုင်း Honda Fit အမျိုးအစားကားတစ်စီးဖြင့် မောင်းနှင်လာသည်ကို ကြိုတင်သတင်းရရှိသဖြင့် ဖမ်းဆီးရာတွင် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရခြင်းဖြစ်သည်ဟု Mohnyin Revolution Force မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

“သူက CDM ဝန်ထမ်းတွေအပေါ်လည်းခြိမ်းခြောက်တာတွေရှိတယ် ညှင်းပန်းနှိပ်စက်တာဖမ်းဆီးတာတွေလုပ်ခဲ့တယ်။ မိုးညှင်းမြို့ပေါ်က ဒလန်‌သတင်းပေးတွေနဲ့ပေါင်းပြီး ပြည်သူတွေအပေါ်ဒုက္ခပေးတယ်။ ဒါ့ကြောင့်မို့ ကျနော်တို့ကလည်း ဒလန်တွေရော အားလုံးကိုစောင့်ကြည့်နေပါတယ်။ အဲ့ချိန်မှာပဲ အတွင်းသတင်းရတော့စောင့်ပြီး အရေးယူလိုက်ခြင်းဖြစ်ပါတယ်။ ဖမ်းဆီးခံတဲ့အခါမှာလည်းသူက ရဲဘော်တွေဆီကလက်နက်ကို ဝင်လုတဲ့အတွက် ပစ်ခတ်ရှင်းလိုက်ရတာပါ”ဟု Mohnyin Revolution Force မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် စရဖအရာရှိမှာ မိုးညှင်းမြို့တွင် နေထိုင်သည့် ဦးလမင်းထွန်းဆိုသူဖြစ်ပြီး အသက် ၃၅ နှစ်ခန့်ရှိပြီဟု သူက ဆက်ပြောသည်။

အဆိုပါ စရဖအရာရှိနှင့် အတူလိုက်ပါလာသည့် ကျန်အမျိုးသားနှစ်ဦးသည်လည်း ပစ်ခတ်ရှင်းလင်းစဥ် ဒဏ်ရာရရှိကာ နေရာမှာတင် သေဆုံးခဲ့သည်ဟု Mohnyin Revolution Force မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ထို့ကြောင့် ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် မိုးညှင်းမြို့နယ်အတွင်း ကင်းပတ် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လက်နက်ကြီးလက်နက်ငယ် ရမ်းသမ်းပစ်ခတ်မူများလည်း ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ရက်နေ့ကလည်း မိုးညှင်းမြို့နယ် နမ္မားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင် အုပ်ချုပ်ရေးမူးတစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်ဟု Mohnyin Revolution Force ထံမှသိရသည်။

July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...
July 17, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်...
July 16, 2026
ကချင်ပြည်အတွင်းရှိ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင်...
July 16, 2026
ကချင်ဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မည့်...