ရွှေကူတွင် တိုက်ပွဲဖြစ်ပွားနေသည့်နေရာဘက် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်

ရွှေကူတွင် တိုက်ပွဲဖြစ်ပွားနေသည့်နေရာဘက် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်

ကချင်ပြည်နယ် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာများရှိသည့်နေရာဘက်တွင် ယနေ့ မွန်းလွှဲ ၃ နာရီခွဲအချိန် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများပြောသည်။

“အခုပဲကျဲနေတာ ဂျက်ဖိုက်တာ ၂စီးနဲ့လာကျဲနေတယ် ။ အခု လေးလုံးရှိသွားပြီ ကျဲနေတာ ၊ဆက်ကျဲနေတုန်းဘယ်လောက်ထိကျဲမလဲစောင့်ကြည့်ရမှာပဲ ကျွန်မတို့တောင်မံဝိန်းဘက်သွားမလို့ ဗုံးကျဲနေလို့ပြန်ခေါက်လာရတယ်”ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

စစ်ကောင်စီတပ်မှ လာရောက်ဗုံးကျဲတိုက်ခိုက်နေသည့် နေရာသည် ရွှေကူမြို့နှင့် ၉ မိုင်ခန့် အကွာတွင်ရှိသော ကျေးရွာနေရာတွင်ဖြစ်ပြီး လက်ရှိအချိန်အထိ အရပ်သားပြည်သူများ ထိခိုက်မှုရှိမရှိ အခြေအနေကို အသေးစိတ်မသိရသေးကြောင်း သူကဆက်ဆိုသည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်ခံရသော ကျေးရွာများရှိသည့်ဘက်တွင် မတ် ၂၃ ရက်နေ့ကတည်းက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီး KIA ၊ PDF များက ကြားဖြတ်တိုက်ခိုက်မှုကြောင့် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေသည့်နေရာလည်းဖြစ်သည်။

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနေသည့်အတွက် ယခုလို လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

မတ်လ ၂၃ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟုသိရပြီး ဒုတပ်ရင်းမှူးတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သတင်းအရင်းအမြစ်များကပြောသည်။

ရွှေကူမြို့ အရှေ့ဘက်ခြမ်းတွင် မတ်လ ၂၃ ရက်နေ့မှစတင်ကာ စစ်အင်အားအလုံးအရင်း စစ်ကြောင်း ၃ ခုဖြင့် စစ်ကြောင်း ထိုးဝင်ရောက်နေသည့်အတွက် ထိုဒေသရှိ ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းလည်းဖြစ်သည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...