လုံးခင်းကျေးရွာအနီး တိုက်ပွဲတွင် ရဲ ၃ ဦးနှင့်အရပ်သား ၆ ဦး သေဆုံး

လုံးခင်းကျေးရွာအနီး တိုက်ပွဲတွင် ရဲ ၃ ဦးနှင့်အရပ်သား ၆ ဦး သေဆုံး

ဖားကန့်မြို့ လုံးခင်းကျေးရွာအနီးရှိ သာသနာ့နယ်မြေ (ဒေသအခေါ် မျောက်ကုန်း)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA,PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ ရဲ ၃ ဦးနှင့် အရပ်သားပြည်သူ ၆ ဦး စုစုပေါင်း ၉ ဦးသေဆုံးကြောင်း ဒေသခံများမှ သိရသည်။

မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင် လုံးခင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ မျောက်ကုန်းတပ်စခန်းအား KIA,PDF တို့ သွားရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း လုံးခင်းကျေးရွာဒေသခံ တစ်ဦးကပြောသည်။

“သေတာက ရဲက သုံးယောက်၊အရပ်သားပြည်သူ အမျိုးသား ၄ ယောက်၊အမျိုးသမီး ၁ ယောက်နဲ့ ကလေးငယ် တစ်ယောက်ဟုတ်တယ်။ အလောင်းတွေကိုတော့ ဆေးရုံပို့ထားပြီ”ဟုမျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပါသည်။

သေဆုံးခဲ့သော အရပ်သားပြည်သူ ၆ ဦးသည် တိုက်ပွဲဖြစ်ပွားရာ ငြိမ်းချမ်းသာယာကျေးရွာ၏ ကားကြီးကွင်းအနီးမှာ နေထိုင်သူများဖြစ်ပြီး သေနတ်ဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တဲ့အနားမှာရှိနေတော့ ဘယ်ဘက်က ပစ်တဲ့ကျည်ကြောင့်ထိပြီး သေတာလဲဆိုတာတော့ အတည်ပြုလို့ မရသေးပါဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

ဖားကန့်မြို့တွင် မတ်လ လဆန်းပိုင်းမှစပြီး စစ်ကောင်စီတပ်ဖွဲ့များသည် အရပ်သားပြည်သူများအား တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှာရှိသည်ဟု ယူဆသူများအား လိုက်လံဖမ်းဆီးရာ မတ်လ ဒုတိယပတ်အထိ ဖမ်းဆီးခံရသူ အရပ်သားပြည်သူအပါအဝင် KIA တပ်ဖွဲ့ဝင်အချို့ စုစုပေါင်း ၃၀ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရသည်။

ထို့ကြောင့် ယမန်နေ့ည စစ်တပ်၏ မျောက်ကုန်းတပ်စခန်း ပြန်လည်တိုက်ခိုက်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေသော်လည်း KNG သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

သို့သော် ယမန်နေ့ည တိုက်ပွဲအခြေနေနဲ့ ဖြစ်စဉ်အသေးစိတ်ကိုလည်း ထပ်မံဖော်ပြမည်။

July 15, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ ကသာ–နဘားလမ်းပိုင်းတွင် မော်တော်ယာဉ်အချို့ ပြန်လည်...
July 14, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်များကို စစ်တပ်က တစ်ပတ်ကျော်ကြာ ပိတ်ထား...
July 14, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းချနေ ကြကြောင်း...
July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...