တရုတ်–မြန်မာနယ်စပ်ရှိ လွယ်ဂျယ်မြို့ ကုန်မာဆိုင် ဓါးပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားလည်း သတ်ဖြတ်ခံရ

တရုတ်–မြန်မာနယ်စပ်ရှိ လွယ်ဂျယ်မြို့ ကုန်မာဆိုင် ဓါးပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားလည်း သတ်ဖြတ်ခံရ

ကချင်ပြည်နယ် တရုတ်–မြန်မာနယ်စပ် လွယ်ဂျယ်မြို့ ကုန်မာဆိုင်တစ်ဆိုင်တွင် ဓါးပြဝင်တိုက်ခံရပြီး ဆိုင်ရှင်အမျိုးသား လည်ပင်းလှီး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၁၂ ရက် ည ၈ နာရီဝန်းကျင်တွင် လွယ်ဂျယ်မြို့ ရပ်ကွက် ၄ အုပ်ချုပ်ရေးရုံး မျက်နှာချင်းဆိုင် အိမ်ဆောက်ပစ္စည်းနှင့် ပရိဘောဂ ဆိုင်တစ်ဆိုင်တွင် ဓါးပြဝင်တိုက်ခံရလိုက်ပြီးနောက် ဆိုင်ရှင်ကိုပါ သတ်ဖြတ်သွားကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ဆိုင်မှာတပ်ထားတဲ့ CCTV ကို အရင်ရိုက်ချိုးလိုက်ပြီးတော့ ဆိုင်ကို ဓါးပြဝင်တိုက်တာတဲ့ အဲ့ဒါကို ဆိုင်ရှင်ရောတစ်ခါတည်း လှည်ပင်းမှာ လှီးသတ်ခဲ့တာလို့ သိရတယ်”ဟုပြောသည်။

အသတ်ခံရတဲ့သူသည် အသက် ၆၀ ဝန်းကျင်ရှိ တရုတ်လူမျိုး ဒိန်ဂျူဆိုသူ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြစ်မှုကျူးလွန်သူသည် မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးသည့်အပြင် လက်ရှိချိန်ထိလည်း ဖမ်းဆီးရမိခြင်း မရှိဘဲ ထွက်ပြေးလွှတ်မြောက်နေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ အသတ်ခံလိုက်ရသည့် ဦးဒိန်ဂျူးသည် ဆိုင်၌တစ်ဦးတည်းနေထိုင်ချိန် သတ်ခံလိုက်ရခြင်းဖြစ်ပြီး ဆိုင်တွင်းရှိ တန်ဖိုးရှိပစ္စည်းမည်မျှ ယူဆောင်သွားခြင်းကိုတော့ အသေးစိတ်မသိရသေးပေ။

“ဘယ်လောက်ပါသွားလဲဆိုတာကိုတော့ အတိအကျမသိသေးဘူး ပြီးတော့ လာသတ်သွားတာလည်း ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး”ဟုအခြားဒေသခံတစ်ဦးက ပြောသည်။

ကချင်–တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့သည် တရုတ်နိုင်ငံသားလုပ်ငန်းရှင်အများအပြား လွယ်ဂျယ်ဘက်သို့ ကုန်မာဆိုင်၊ အထည်ဆိုင်၊ အစားအသောက်များ ရောင်းချခြင်းဖြင့် စီးပွားရေးလာရောက် လုပ်ကိုင်နေသူများစွာ ရှိသည်။

ထို့အပြင် စစ်တပ် အာဏာသိမ်းပြီးနောက် အခြားနေရာဒေသများမှ ဝင်ရောက်နေထိုင်သူလည်း များလာကြောင်း သိရသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...