ဖားကန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

ဖားကန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့ပြင် လမ်းဘေးတစ်နေရာတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။

မတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲချိန်တွင် မှော်မောင်းလျံဘက်မှ ဖားကန့်ဘက်သို့ ဆိုင်ကယ်မောင်းနင်းသွားစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့မှ ပစ်သတ်သွားသည်ဟု ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“ကျနော်တို့သုံးသပ်ရသလောက်တော့ စစ်သားတွေပစ်သတ်လိုက်တာလို့ပဲထင်တယ်။ ဘာလို့လဲဆိုရင် အဲ့အနီးတဝိုက် ဖားကန့်ဖားမြို့အဝင်အထွက် ညကင်းလှည့်တဲ့အဖွဲ့ရှိတယ်။ ညကင်းနဲ့တိုးလို့ ဆိုင်ကယ်တားတာမရပ်ပေးတော့ ပစ်သတ်လိုက်တဲ့သဘောမှာရှိတယ်”ဟုပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ပစ်သတ်ခံရသည့် အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုနေသော်လည်း KNG သတင်းဌာနမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို အဆိုပါ အမျိုးသား ၂ ဦးသည် မည်သူမည်ဝါးများဖြစ်ကြောင်းကို မသိရသေးပါ။

ထို ပစ်သတ်ခံရသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်းအား မှော်မောင်းလျံမှ ဖားကန့်ဘက်သို့ သွားသည့် လမ်းဘေးတစ်နေရာတွင် တွေ့ရှိခဲ့သည်ဟု ဒေသခံများပြောသည်။

အလားတူ ယမန်ညတွင် စစ်ကောင်စီတပ်များသည် ဖားကန့်ဗျူဟာကုန်းမှာ ဖားကန့်မြို့ပြင်ဘက်သို့ လက်နက်ကြီး ၅ လုံးထက်မနည်း ရပ်သမ်းပစ်ခတ်မှုရှိခဲ့သည်ဟု သိရသည်။

ဖားကန့်တွင် အရပ်သားပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ ကအကြောင်းမဲ့ပစ်သတ်မှုမကြာခဏ ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီနှင့် ပူးပေါင်းသည့် အုပ်ချုပ်ရေးမှူးများ၊ ဒလန်၊ ပျူစောထီးများလည်းမကြာခဏ ပစ်သတ်ခံနေရပြီး ယခုကဲ့သို့ပစ်သတ်ခံရမှု ၅၀ ဦးအထက်ရှိနေပြီဖြစ်သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...