ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်းမှာ ၅ နှစ်အောက် ကလေးငယ်တွေ ကာကွယ်ဆေး မထိုးနှံရသေး

ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်းမှာ ၅ နှစ်အောက် ကလေးငယ်တွေ ကာကွယ်ဆေး မထိုးနှံရသေး

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်းမှာ ၅ နှစ်အောက် ကလေးငယ်တွေ ကာကွယ်ဆေး မထိုးနှံရသေးတာကြောင့် ထိုးနှံဖို့ လိုအပ်နေတယ်လို့ ဒိုယှက် စစ်ဘေးဒုက္ခသည် ကော်မတီဝင်တစ်ဦးထံကနေ သိရပါတယ်။

ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်း အနေနဲ့ ယခင်နှစ်ကတည်းက ၅ နှစ်အောက် ကလေးငယ်တွေ စာရင်းပြုစုထားတာရှိပေမယ့် လက်ရှိမှာ ကာကွယ်ဆေးထိုးနှံခွင့် မရရှိကြဘူးလို့ ဆိုပါတယ်။

” အရေးကြီးတဲ့ အချက်ပါဝင်တယ် ပြောရမလား၊ ဒီကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ ၅ နှစ်အောက်ကလေးငယ်အတွက် ကျမအနေနဲ့ မွေးမိခင်အတွက် လိုအပ်မယ်ထင်တာပေါ့၊ အခုက တစ်နှစ်ကျော်ကြာလာတော့ ၅ နှစ်အောက်ကလေးငယ်တွေ အတွက် ဘာမှထူးခြားမှုမရှိလာတော့ ဒီတစ်နေရာပဲ မဟုတ်ပဲ အခြားဒေသတွေမှာရော လွိုင်ကော်အထိ ပြန်ပြေးတက်နေရတော့ အခက်အခဲဖြစ်တာပေါ့၊ ရိက္ခာထက် ကာကွယ်ဆေးကို ဘာဖြစ်လို့ တောင်းဆိုလည်းဆိုတော့ ကလေးတွေက လူငယ်တွေဖြစ်မှာဆိုတော့ ကိုယ့်မှာကလေးမရှိပေမယ့် မွေးပြီးသေတာ၊ ကိုယ်ဝန်ပျက်ကျတာ ကြားမိတာရှိလို့ စိတ်မကောင်းဘူးပေါ့ ” လို့ ဒိုယှက်စစ်ဘေးရှောင်စခန်း ပညာရေးအကူဆရာမ တစ်ဦးက ပြောပါတယ်။

ဒေသခံတွေ နဲ့ ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်း က ၅ နှစ်အောက်ကလေးငယ် အယောက် ၈၀ကျော်ဟာ ကာကွယ်ဆေးမထိုးရသေးဘူးလို့ ဆိုပါတယ်။

ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်ခြေ ၅၀ ကျော်ရှိပြီး လူဦးရေ ၂၀၀ ကျော် ရှိနေပါတယ်။ ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်းမှာ အမျိုးသမီး ကိုယ်ဝန်ဆောင် နှစ်ဦးနဲ့ မသန်စွမ်း သုံးဦးရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ရာသီတုပ်ကွေး၊ ဆီးချို ၊ သွေးချိုအပြင် နာတာရှည်ရောဂါ ခံစားနေရသူတွေလည်းရှိပြီး အဲ့ဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ဆေးခန်းမရှိတဲ့အတွက် စစ်ရှောင်ရန်ပုံငွေကနေ ကိုယ်ထူကိုယ်ထ ကြိုးစားလုပ်နေရတယ်လို့လည်း သိရပါတယ်။

အဆိုပါ စစ်ဘေးဒုက္ခသည်စခန်းဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ စတင်နေထိုင်ခဲ့ပြီး ဖရူဆို နဲ့ ဒီးမော့ဆို စတဲ့ စစ်ဘေးရှောင်တွေ လာရောက်နေထိုင်ကြတာဖြစ်ပါတယ်။ နေရပ်မပြန်နိုင်ကြသေးတာ တစ်နှစ်နဲ့ နှစ်လကျော် ရှိနေပြီဖြစ်သလို ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေတာဖြစ်ပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...