ဇရပ်ဖြူရွာလမ်းမှာ ကားမိုင်းနင်းမိပြီး ၄ဦးသေဆုံး၊ ၂ဦး ဒဏ်ရာပြင်းထန်

ဇရပ်ဖြူရွာလမ်းမှာ ကားမိုင်းနင်းမိပြီး ၄ဦးသေဆုံး၊ ၂ဦး ဒဏ်ရာပြင်းထန်

ဖေဖော်ဝါရီလ ၆ရက် နေ့လယ် ၂နာရီအချိန်မှာ အမျိုးသား ၆ဦး စီးနှင်လာတဲ့ ကားတစ်စီး ဇရပ်ဖြူရွာလမ်း မှာ မိုင်းနင်းမိပြီး ၄ဦးသေဆုံး ၂ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သွားရောက်ကယ်ဆယ်မှုမှာ ပါဝင်ခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်း ထံကနေ သိရပါတယ်။

“ အသက်ရှင်လျှက်ရှိသော လူနာ နှင့် ပြန့်ကျဲနေသော အလောင်းများအား ကျွန်တော်တို့ ရွှေလွိုင်ကော်အသင်းမှ Dead Body-၃လောင်း နှင့် အသက်ရှင်သောလူနာ-၁ဦး ပို့ဆောင်ခဲ့ပြီး ကျန် Dead Body-၁လောင်းနှင့် အသက်ရှင်လူနာ-၁ဦးအား ရွှေညောင်ပင် ပရဟိတအသင်းမှ လွိုင်ကော်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ်။ “ လို့ ရွှေလွိုင်ကော်ပရဟိတအသင်း (ဒုဥက္ကဌ) အောင်မိုးမြင့်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အိမ်စီးကား IPSUM အဖြူ ဖြစ်ပြီး ဇရပ်ဖြူရွာအကျော်လမ်းတွင် မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ ကားပေါ်ပါလာသူ ၄ဦး ပွဲချင်းပြီးသေဆုံးတဲ့အထဲ ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်၊ ကိုစိန်မင်း တို့ ၃ဦးဖြစ်ပြီး ကျန်ရှိတဲ့သူတွေရဲ့ အမည်စာရင်းကိုတော့ မသိရှိရသေးဘူးလို့ ဖော်ပြထားပါတယ်။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...