ဇရပ်ဖြူရွာလမ်းမှာ ကားမိုင်းနင်းမိပြီး ၄ဦးသေဆုံး၊ ၂ဦး ဒဏ်ရာပြင်းထန်

ဇရပ်ဖြူရွာလမ်းမှာ ကားမိုင်းနင်းမိပြီး ၄ဦးသေဆုံး၊ ၂ဦး ဒဏ်ရာပြင်းထန်

ဖေဖော်ဝါရီလ ၆ရက် နေ့လယ် ၂နာရီအချိန်မှာ အမျိုးသား ၆ဦး စီးနှင်လာတဲ့ ကားတစ်စီး ဇရပ်ဖြူရွာလမ်း မှာ မိုင်းနင်းမိပြီး ၄ဦးသေဆုံး ၂ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သွားရောက်ကယ်ဆယ်မှုမှာ ပါဝင်ခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်း ထံကနေ သိရပါတယ်။

“ အသက်ရှင်လျှက်ရှိသော လူနာ နှင့် ပြန့်ကျဲနေသော အလောင်းများအား ကျွန်တော်တို့ ရွှေလွိုင်ကော်အသင်းမှ Dead Body-၃လောင်း နှင့် အသက်ရှင်သောလူနာ-၁ဦး ပို့ဆောင်ခဲ့ပြီး ကျန် Dead Body-၁လောင်းနှင့် အသက်ရှင်လူနာ-၁ဦးအား ရွှေညောင်ပင် ပရဟိတအသင်းမှ လွိုင်ကော်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ်။ “ လို့ ရွှေလွိုင်ကော်ပရဟိတအသင်း (ဒုဥက္ကဌ) အောင်မိုးမြင့်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အိမ်စီးကား IPSUM အဖြူ ဖြစ်ပြီး ဇရပ်ဖြူရွာအကျော်လမ်းတွင် မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ ကားပေါ်ပါလာသူ ၄ဦး ပွဲချင်းပြီးသေဆုံးတဲ့အထဲ ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်၊ ကိုစိန်မင်း တို့ ၃ဦးဖြစ်ပြီး ကျန်ရှိတဲ့သူတွေရဲ့ အမည်စာရင်းကိုတော့ မသိရှိရသေးဘူးလို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ပျက်စီးမှုအခြေအနေ။ / Crd
September 21, 2026
ကရင်နီပြည်တွင် စစ်အုပ်စုတပ်၏ အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ...
ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။
September 21, 2026
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားသည့်...
ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...