အရေးပေါ်ရွေ့ပြောင်းလာတဲ့ စစ်ရှောင်တွေကို စာသင်ကျောင်းမှာနေရာချထား၊ ကျောင်းယာယီပိတ်ထားရ

အရေးပေါ်ရွေ့ပြောင်းလာတဲ့ စစ်ရှောင်တွေကို စာသင်ကျောင်းမှာနေရာချထား၊ ကျောင်းယာယီပိတ်ထားရ

ကေးဒူ — ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ဇန်နဝါရီလ ၂၅ ရက်နေ့က တိုက်ပွဲကြောင့် အရေးပေါ် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒီးမော့ဆိုအရှေ့ခြမ်းက ဒေသခံကျေးရွာ အပါအဝင် တိုက်ပွဲနဲ့ နီးတဲ့ စစ်ရှောင်စခန်းတွေမှာနေထိုင်တဲ့ လူဦးရေ သုံးထောင်ငါးရာ ဝန်းကျင်လောက် အတွက် နေရာထိုင်ခင်းတွေအခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီလူဦးရေ ၃၅၀၀ ရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နေရာအနှံ့ သွားရောက် ပုန်းရှောင်နေကြရပြီး တချို့ကလည်း တခြားသောစစ်ရှောင်စခန်းတွေမှာ ထပ်ဆင့် စစ်ဘေးရှောင်နေကြရပါတယ်။

စစ်ဘေးရှောင်စခန်းမှာတော့ အရေးပေါ်ရွေ့ပြောင်းလာတဲ့ လူသစ်တွေအတွက် နေရာထိုင်ခင်း ပေးနိုင်ဖို့ အခက်အခဲရှိနေတာကြောင့် စာသင်ကျောင်းနေရာတွေမှာ နေရာချထားပေးတာတွေရှိတယ်လို့ စစ်ရှောင်စခန်းတစ်ခု ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အခုလက်ရှိ သူတို့ သွားလာတယ်ဆိုခါကျတော့။ နေဖို့ထိုင်ဖို့ လုံးဝမရှိတော့တဲ့အနေအထားမျိုး ဖြစ်နေတယ်။ အ့ဒါကြောင့်မို့ ကျောင်းကို ခဏယာယီ ပိတ်ထားရပြီးတော့မှ အခု လက်ရှိသူတို့ နေဖို့ထိုင်ဖို့ အဆင်ပြေအောင် ၄၊၅ ရက် တစ်ပတ်ဖြစ်ဖြစ်ပေါ့။ အ့လိုပုံစံမျိုးနဲ့ ကျောင်း

ကို ခဏပိတ်ထားပေးလိုက်တယ်”လို့ ကျေးရွာ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စာသင်ကျောင်းတွေမှာ နေရာချထားပေးတာကြောင့် ကျောင်းကို ယာယီပိတ်ထားရပြီး လတ်တလော ကလေးတွေ စာသင်ဖို့ နေရာ မရှိတာကြောင့် ကလေးတွေအတွက် စိုးရိမ်တယ်လို့ စာသင်ပေးတဲ့ CDM ကျောင်းဆရာမ တစ်ဦးကပြောပါတယ်။

“အခုကျမတို့ ကျောင်းပိတ်လိုက်တာပေါ့နော်။ ကျမစိုးရိမ်တာတစ်ခုက ဘယ်လိုဖြစ်သွားမလဲဆိုရင် ကျောင်းကို ဒီလိုပဲ ဆက်ပိတ်နေမယ်ဆိုရင် ကလေးတွေအတွက်လည်း အရင်လို ပြန်ဖြစ်သွားမယ်ပေါ့။ အရင်လို ကလေးဆို ကျောင်းစာနဲ့ ဝေးတဲ့အခါမှာ ကလေးတွေကို ပြန်ပြီးတော့မှ စာဘက်ပြန်ပါလာဖို့ပေါ့နော်။ ကလေးတွေကို နည်းအမျိူးမျိုးနဲ့ ပြန်ဆွဲခေါ်ရတယ်”လို့ စစ်ရှောင်ရင်းကျောင်းမှာ စာသင်ပေးနေတဲ့ CDM ဆရာမ တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ဇန်နဝါရီလ ၂၂ ရက်နေ့စပြီး တိုက်ပွဲ တွေ ပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသလို၊ စစ်ဘေးရှောင်စခန်းက ပြည်သူတွေတချို့လည်း ထပ်မံ စစ်ဘေးရှောင်နေကြရပြီး၊ စာသင်ကျောင်းပေါင်း (၅) ကျောင်းခန့်ကလည်း ယာယီ ပိတ်ထားလိုက်ရတယ်လို့သိရပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...