မောင်းတောမြို့နယ်၊ တမန်းသားရွာတွင် AA စစ်ဒေသမှူးဦးဆောင်ပြီး ရခိုင်-ဘင်္ဂါလီ ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပရန် တစ်ရွာကို တစ်သိန်းဆီတောင်းသဖြင့် ရွာသားများ အခက်တွေ့နေ ဆိုတဲ့ သတင်းအမှား

မောင်းတောမြို့နယ်၊ တမန်းသားရွာတွင် AA စစ်ဒေသမှူးဦးဆောင်ပြီး ရခိုင်-ဘင်္ဂါလီ ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပရန် တစ်ရွာကို တစ်သိန်းဆီတောင်းသဖြင့် ရွာသားများ အခက်တွေ့နေ ဆိုတဲ့ သတင်းအမှား

ဒီသတင်းအမှားကို ယိမ်းနွဲ့ပါးဆိုတဲ့ အကောင့်ကနေပြီး “မောင်းတောမြို့နယ်၊ တမန်းသားရွာတွင် AA စစ်ဒေသမှူးဦးဆောင်ပြီး ရခိုင်-ဘင်္ဂါလီ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပရန် တစ်ရွာကို တစ်သိန်းဆီတောင်းသဖြင့် ရွာသားများ အခက်တွေ့နေ” လို့ ပုံနဲ့တကွရေးတင်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မွတ်ဆလင်နှင့် ရခိုင် မျိုးနွယ်စုများ ချစ်ကြည်ရေးဘောလုံးပွဲကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှ ဇန်နဝါရီ ၁ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။

ဒါပေမယ့် ယိမ်းနွဲ့ပါးအကောင့်မှာဖော်ပြသလို AA က တရွာကိုတစ်သိန်း ဆီတောင်းခံတယ်ဆိုတာကတော့ မဟုတ်မှန်ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

ဒီအကြောင်းအရာကို နီးစပ်ရာမှာရှိတဲ့ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်ကြည့်ရာ “ULA/ AA က ဦးဆောင်ပြီး မွတ်ဆလင်နဲ့ ရခိုင်တွေကြား ဆက်ဆံရေးပိုမိုကောင်းလာအောင် လုပ်နေတာတော့အမှန်ပါ.... ဒါပေမဲ့ ငွေကြေးကောင်ခံတယ်ဆိုတာကတော့ မဟုတ်ဘူးထင်တယ်... တခါတလေကျတော့ လူ့အခွင့်အရေးအမည်ခံ အပြင်ကမွတ်ဆလင်ပွဲစားတွေက ပွဲဆူအောင်တမင်တကာဖန်တီးပြီးလုပ်နေတာတွေလည်းရှိပါတယ်....” လို့ပြောပါတယ်။

ဒါကြောင့် မောင်းတောမြို့နယ်၊ တမန်းသားရွာတွင် AA စစ်ဒေသမှူးဦးဆောင်ပြီး ရခိုင်-ဘင်္ဂါလီ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပတာကတော့ မှန်ပေမယ့် တစ်ရွာကို တစ်သိန်းဆီတောင်းတဲ့အတွေက် ရွာသားများ အခက်တွေ့နေတယ်ဆိုတာ သတင်းအမှားသာဖြစ်ပါတယ်။

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...