“Lose and Hope” ရုပ်ရှင်ဇာတ်ဝင်ခန်းကို အသုံးချပြီး သတင်းအမှားဖြင့် ဝါဒဖြန့်နေ

“Lose and Hope” ရုပ်ရှင်ဇာတ်ဝင်ခန်းကို အသုံးချပြီး သတင်းအမှားဖြင့် ဝါဒဖြန့်နေ

အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

‘ကိုကို သိင်္ခသူ’ ဆိုတဲ့ အကောင့်ကနေ ဇွန်လ ၂၀ ရက်နေ့မှာ “အမျိုးသမီးတဦးကို စော်ကားခဲ့သည်ဟုဆိုကာ ဒေသခံတစ်ဦး ဒေါသတကြီး ဖြစ်ပွားခဲ့သည့် ရုပ်သံဖိုင် ပျံ့နှံ့” လို့ ရေးသားထားပြီး ထိပ်တုံးခတ်ဖမ်းဆီးခံထားရတဲ့ စစ်သား သုံးဦးနဲ့ အတူ ဘေးမှာလည်း တပ်သားတွေ ဝိုင်းနေတဲ့ ရုပ်သံဖိုင်တခု စတင်ပျံ့နှံ့ခဲ့ပါတယ်။

ဒီဖိုင်ထဲမှာတော့ “ဒီကောင် ငါ့အစ်မကို မုဒိန်းကျင့်ထားတာ ဒီကောင်” လို့ပြောဆိုရင်း ထိပ်တုံးခတ်ဖမ်းခံရသူတွေအပေါ် ဒေါသထွက်နေတာကို ဘေးက အခြားသူတွေက ဝိုင်းပြီး တားဆီးနေတဲ့ ပုံရိပ်တွေ ပါဝင်ပါတယ်။ ဒီဖြန့်ဝေမှုမှာ ဘယ်သူတွေ၊ ဘယ်နေရာ၊ ဘယ်အချိန် ဆိုတဲ့ တိတိကျကျ ညွှန်းဆိုမှုတွေ မပါဝင်ပါဘူး။

ဒါကို စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ “NUGမုဒိန်း NLDမုဒိန်း တိုင်းရင်းသားအကြမ်းဖက်အဖွဲတွေမှာတောင်နွေဦးလုပ်ကြခါမှNLDပိုး၊NUGအကျင့်စရိုက်တွေကူးစက်ကုန်ကြပြီ။တစ်သက်နဲ့တစ်ကိုယ်တိုင်းရင်းသားနယ်တွေမှာမကြားဖူးတာတွေကြုံးနေကြရပြီ။...” (မူရင်းအရေးအသားအတိုင်း) လို့ ရေးထားပြီး ပြန်လည် ဖြန့်ဝေထားပါတယ်။

မဇ္ဈိမက ဒီရုပ်သံပါ အကြောင်းအရာကို အချက်အလက် စိစစ်ခဲ့ပြီး ဒါဟာ ရိုက်ကွင်းတခု ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

“Lose and Hope - Revolution Film” ဆိုတဲ့ ဖေ့ဘုတ်ပေ့ချ်ကနေ ၂၀၂၅ ဇွန်မှာ ဖော်ပြထားတဲ့ ရုပ်သံဖိုင်တခုမှာ အခုပျံ့နှံ့နေတဲ့ ရုပ်သံနဲ့ အခြေအနေတွေတူညီနေတာကို တွေ့ရပါတယ်။

“အရင်တလောက တပ်မတော်နေ့မှာတင်ခဲ့တဲ့ Video လေးတစ်ပုဒ် တော်တော်Popular ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဒီVideoလေးက Lose and Hope ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းလေးတစ်ခုဖြစ်ပါတယ်နေား” (မူရင်းအရေးအသားအတိုင်း) ရေးသားထားပါတယ်။

ရုပ်သံအကြောင်းကတော့ ထိပ်တုံးခတ် ခံရတဲ့ သရုပ်ဆောင် ရဲဘော်တွေကို စနောက်ပြီး ရိုက်ကူးထားတာပါ။ လင့် - https://shorturl.at/EabEc

ကရင်နီ အခြေစိုက် အနုပညာဖန်တီးမှု တခုဖြစ်တဲ့ တော်လှန်ရေး နောက်ခံ ရုပ်ရှင် “Lose and Hope” ပဲ ဖြစ်ပါတယ်။ ဒါဟာ မြေပြင်ဖြစ်စဉ် မှတ်တမ်း မဟုတ်ပါဘူး။

ဒါကြောင့် ဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ဟာ ရုပ်ရှင်ထဲက သရုပ်ဆောင်မှုပဲ ဖြစ်ပါတယ်။

မဇ္ဈိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်း စစ်ဆေး‌စေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့‌လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် ⁦t.ly/AjFbz⁩ ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...