Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်မှုပါ သေဆုံးသွားတဲ့ လေတပ်ဗိုလ်ကြီးဆိုတဲ့ ပုံတခု လူမှုကွန်ရက် မှာပျံ့နှံ့နေပါ တယ်။

အောင်ခန့်မှူးဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ ဇွန် ၂၃ မှာ “အညာငှက်ကင်ရပါပြီ မုန့်ဟင်းခါးနဲ့ ငှက်ကင် အကောင်ကြီး ပါလာသမျှ ကောင်အကုန်လျှော” ဆိုတဲ့စာသားနဲ့အတူ ပုံတပုံကိုဖြန့်ဝေခဲ့ပါတယ်။ ပုံထဲ မှာတော့ စစ်အုပ်စုတပ်ရဲ့ လေတပ်ယူနီဖောင်းဝတ်ဆင်ထားသူ ဗိုလ်ကြီးထက်မြတ်အောင် သေဆုံးတယ်လို့ ရေးသားထားတာကိုတွေ့ရပါတယ်။

ဒီပို့စ်ကို ကြိုက်နှစ်သက်သူ တထောင်နီးပါးနဲ့ ပြန်လည်မျှဝေသူ ၃၀ ထိရှိခဲ့ပါတယ်။

မဇ္ဈိမက ဒီအကြောင်းအရာနဲ့ပတ်သက်လို့ အချက်အလက်စစ်ဆေးခဲ့ပါတယ်။ ဖြန့်ဝေထားတဲ့ ပို့စ်မှာပါ တဲ့ စာသားတွေနဲ့ ဖေ့စ်ဘုတ်မှာ ထပ်မံရှာဖွေကြည့်တဲ့အခါ တူညီတဲ့ ပို့စ်ကို အစောဆုံးဖြန့်ဝေထားသူ ဟာ အမည်ကျော်ကြားသူ တဦးဖြစ်တဲ့ ဦးကျော်သက်လင်း အကောင့်ကနေ ဖြန့်ဝေထားတာ တွေ့ရပါတယ်။

ဖြန့်ဝေမှုမှာပါတဲ့ ပုံထဲမှာ တစ်တော့အကောင့်လိပ်စာတခုကို တွေ့ရပြီး အဲ့ဒီလိပ်စာအတိုင်းရှာဖွေရာမှာ နှင်းအိဖြူဆိုတဲ့ အကောင့်ကနေ ဇွန် ၂၁ ရက်မှာ အခုပျံ့နှံ့နေတဲ့ လေတပ်ဗိုလ်ကြီးထက်မြတ်အောင် ဆိုတဲ့ပုံကို အစောဆုံးဖြန့်ဝေထားခဲ့ပါတယ်။

ဇွန် ၂၁ ရက်ဟာ လေယာဉ်တိုက်ခိုက်မှု မဖြစ်ခင် ၂ ရက်အလိုက ဖြစ်ပါတယ်။ ဒီဖြန့်ဝေမှုမှာလည်း ဇွန်လ ၁၈ ရက်နေ့က တိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ ထည့်သွင်းရေးသားထားတာပါ။ လင့် - https://shorturl.at/vSeWO

စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ဟာ ဇွန် ၂၃ ရက်နေ့မှာ တိုက်ခိုက်ခံရတာပါ။ ဒီအကြောင်းကို ယုံကြည်စိတ်ချရပြီး ခိုင်လုံတဲ့ သတင်းမီဒီယာတွေကနေ သတင်းဖော်ပြထားတာတွေ တွေ့ရပါတယ်။

လင့် - https://shorturl.at/NgWDT , https://shorturl.at/lghga

လေတပ်ဗိုလ်ရဲ့ ပုံကို ဖြန့်ဝေခဲ့တဲ့ ဦးကျော်သက်လင်း အကောင့်ကနေလည်း မှတ်ချက်ထဲမှာ ဒါဟာ ဇွန် ၂၁ က ဖြစ်စဉ်ဖြစ်တဲ့အကြောင်း ပြန်လည်ရေးသား ဖော်ပြထားပေမယ့် အခြား ပျံ့နှံ့မှုတွေ၊ ပြန်လည်ဖော်ပြမှုတွေကတော့ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် မြိုင်မြို့နယ်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တဲ့ စစ်အုပ်စုတပ်ရဲ့ Mi 17 တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး ဆိုတဲ့ ပုံဟာ အမှန်မဟုတ်ပဲ ဒီဖြစ်စဉ်နဲ့ မသက်ဆိုင်တဲ့ ပုံကို သုံးပြီး ဖြန့်ဝေထားတဲ့ သတင်းမှားပဲ ဖြစ်ပါတယ်။

မဇ္ဈိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်း စစ်ဆေး‌စေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့‌လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် ⁦t.ly/AjFbz⁩ ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...