မောင်းတောမြို့နယ်၊ တမန်းသားရွာတွင် AA စစ်ဒေသမှူးဦးဆောင်ပြီး ရခိုင်-ဘင်္ဂါလီ ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပရန် တစ်ရွာကို တစ်သိန်းဆီတောင်းသဖြင့် ရွာသားများ အခက်တွေ့နေ ဆိုတဲ့ သတင်းအမှား

မောင်းတောမြို့နယ်၊ တမန်းသားရွာတွင် AA စစ်ဒေသမှူးဦးဆောင်ပြီး ရခိုင်-ဘင်္ဂါလီ ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပရန် တစ်ရွာကို တစ်သိန်းဆီတောင်းသဖြင့် ရွာသားများ အခက်တွေ့နေ ဆိုတဲ့ သတင်းအမှား

ဒီသတင်းအမှားကို ယိမ်းနွဲ့ပါးဆိုတဲ့ အကောင့်ကနေပြီး “မောင်းတောမြို့နယ်၊ တမန်းသားရွာတွင် AA စစ်ဒေသမှူးဦးဆောင်ပြီး ရခိုင်-ဘင်္ဂါလီ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပရန် တစ်ရွာကို တစ်သိန်းဆီတောင်းသဖြင့် ရွာသားများ အခက်တွေ့နေ” လို့ ပုံနဲ့တကွရေးတင်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မွတ်ဆလင်နှင့် ရခိုင် မျိုးနွယ်စုများ ချစ်ကြည်ရေးဘောလုံးပွဲကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှ ဇန်နဝါရီ ၁ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။

ဒါပေမယ့် ယိမ်းနွဲ့ပါးအကောင့်မှာဖော်ပြသလို AA က တရွာကိုတစ်သိန်း ဆီတောင်းခံတယ်ဆိုတာကတော့ မဟုတ်မှန်ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

ဒီအကြောင်းအရာကို နီးစပ်ရာမှာရှိတဲ့ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်ကြည့်ရာ “ULA/ AA က ဦးဆောင်ပြီး မွတ်ဆလင်နဲ့ ရခိုင်တွေကြား ဆက်ဆံရေးပိုမိုကောင်းလာအောင် လုပ်နေတာတော့အမှန်ပါ.... ဒါပေမဲ့ ငွေကြေးကောင်ခံတယ်ဆိုတာကတော့ မဟုတ်ဘူးထင်တယ်... တခါတလေကျတော့ လူ့အခွင့်အရေးအမည်ခံ အပြင်ကမွတ်ဆလင်ပွဲစားတွေက ပွဲဆူအောင်တမင်တကာဖန်တီးပြီးလုပ်နေတာတွေလည်းရှိပါတယ်....” လို့ပြောပါတယ်။

ဒါကြောင့် မောင်းတောမြို့နယ်၊ တမန်းသားရွာတွင် AA စစ်ဒေသမှူးဦးဆောင်ပြီး ရခိုင်-ဘင်္ဂါလီ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပတာကတော့ မှန်ပေမယ့် တစ်ရွာကို တစ်သိန်းဆီတောင်းတဲ့အတွေက် ရွာသားများ အခက်တွေ့နေတယ်ဆိုတာ သတင်းအမှားသာဖြစ်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...