စစ်ကောင်စီ အစီအစဉ်ဖြင့် မောင်တောသို့ ရွှေ့ပြောင်းလာသည့် မြိုလူမျိုး ၆၀၀ ကျော် လှုမှုစီးပွား အခက်အခဲများရှိနေ

စစ်ကောင်စီ အစီအစဉ်ဖြင့် မောင်တောသို့ ရွှေ့ပြောင်းလာသည့် မြိုလူမျိုး ၆၀၀ ကျော် လှုမှုစီးပွား အခက်အခဲများရှိနေ
ပြောင်းရွှေ့နေထိုင်နေကြသည့် မြိုလူမျိုးများ၏ နေထိုင်မှုအခြေအနေ။
ပြောင်းရွှေ့နေထိုင်နေကြသည့် မြိုလူမျိုးများ၏ နေထိုင်မှုအခြေအနေ။

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်းတွင် ရွှေ့ပြောင်းအခြေချ နေထိုင်နေကြသည့် မြိုတိုင်းရင်းသား ၆၀၀ ကျော်မှာ တစ်နှစ်ကျော်ကြာသည့်တိုင် ကျန်မားရေး၊ စီးပွားရေး၊ ပညာရေး စသည့်တို့မှာ အတည်တကျ မဖြစ်သေးဘဲ အခက်အခဲများရှိနေကြောင်း သိရသည်။

မြိုလူမျိုး ၆၀၀ ကျော်နေထိုင်ရန်အတွက် ကျောက်ပန္ဒူကျေးရွာအနီးတွင် “မြိုယုရွာ”အမည်ဖြင့် ကျေးရွာသစ်တစ်ခုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြည်နယ်စစ်ကောင်စီက နေရာချပေးခဲ့သည်။ အဆိုပါကျေးရွာတွင် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ  မြို့လူမျိုး အိမ်ထောင်စု ၁၀၄ စုနှင့် လူဦးရေ ၆၂၇ ဦးတို့မှ ပြောင်းရွှေ့နေထိုင်လျက်ရှိကြသည်။

“ကျနော်တို့မှာ အခုအလုပ်လက်မဲ့ ဖြစ်နေပါတယ်။ ကျနော်တို့မှာ စိုက်ပျိုးရေးလုပ်မယ်ဆိုရင်တော့ လောလောဆယ်မှာ လယ်ထွန်နွားတွေ၊ စက်တွေလည်း မရှိဘူးလေ။ စိုက်ခင်းတွေကို တူးရွင်းနဲ့ ထွန်ယက်စိုက်ပျိုးဖို့ ကြိုးစားကြည့်တယ်။ ဒါပေမယ့် မရဘူး”ဟု မြိုယုရွာမှ ဦးခိုင်မောင်သိန်းက ပြောသည်။

ပြည်နယ်စစ်ကောင်စီက ၎င်းတို့ လုပ်ကိုင်စားသောက်နိုင်ရန်အတွက် နွားအကောင်ရေ ၂၀ ပေးထားသော်လည်း အဆိုပါနွားများမှာ အသက်ကြီးနေပြီဖြစ်သဖြင့် အမှီပြု လုပ်ကိုင်စားသောက်၍ မရကြောင်း မြိုတိုင်းရင်းသားများက ပြောဆိုသည်။

ထို့အပြင် ကျေးလက်ဆေးပေးခန်း မရှိသေးသည့်အတွက် ကျန်းမာရေးကိစ္စများတွင်လည်း အဆင်မပြေမှုများ ရှိနေကြသည်။ အရေးပေါ် ကျန်းမာရေးကိစ္စများ ဖြစ်ပေါ်လာလျင် ကျေးရွာနှင့် (၃)မိုင်ခန့်ဝေးသည့် အင်းဒင်ကျေးရွာသို့ သွားရောက်နိုင်သော်လည်း ထိုနေရာသို့ ကားလမ်းခရီးမကြုံသဖြင့် ခြေလျင်သွားနေကြရကြောင်း ကျေးရွာသားများထံမှ သိရသည်။

“ကျနော်တို့မှာ ကျန်းမာစောင့်ရှောက်မှုတော့ အမြဲတမ်း လိုအပ်ပါတယ်။ ရွာမှာ ဆေးပေးခန်းပဲဖြစ်ဖြစ် ကျေးလက်ကျန်းမာရေး ဌာနခွဲပဲဖြစ်ဖြစ် တစ်ခုတော့ ရှိစေချင်ပါတယ်။ အဲလိုသာဆိုရင် ကျနော်တို့အတွက်ရော ကလေးသူငယ်တွေအတွက်ရော ကျန်းမာရေးနဲ့ပတ်သက်ပြီး  တကယ့်ကိုအကျိုးရှိမှာပါ”ဟု မြိုယုရွာသား ဦးမောင်လှက ပြောသည်။

လက်ရှိမှာ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကလေးနှင့် လူကြီးတချို့မှာ ဝမ်းရောဂါနှင့် ဖျားနာ၊ ချောင်းဆိုးစသည့် ရောဂါများဖြစ်နေကြကြောင်း သိရသည်။ သောက်သုံးရေရရှိရန် အဝီစိတွင်း ၄ တွင်း တူးဖော်ထားသော်လည်း ဆားဓာတ်ပါရှိ၍ သောက်သုံးရန် အဆင်မပြေ ဖြစ်နေသည်။

“ရွာအနီးမှာ မြောင်တစ်ခုရှိတာကလည်း ပင်လယ်နဲ့နီးတော့ ဆားငံရေပဲထွက်တယ်။ တောင်ကျရေကလည်း သောက်သုံးရတာ မသန့်တော့ ဝမ်းရောဂါဖြစ်ကြတယ်။ ရေနဲ့ပတ်သက်ပြီးတော့ သိပ်အခက်အခဲရှိပါတယ်။ နွေရာသီဆိုရင် ပိုပြီးအခက်အခဲတွေကို ရင်ဆိုင်ရဦးမယ်”ဟု ပြောင်းရွှေ့နေထိုင်သူ မခင်သန်းက ပြောသည်။

မြိုတိုင်းရင်းသားများမှာ ရခိုင်ပြည်အတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်တို့တွင် အဓိကနေထိုင်ကြပြီး လူဦးရေအားဖြင့် သောင်းဂဏန်းသာရှိကြောင်း သိရသည်။

Screen Short (APV) / ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အမြဲတမ်းအတွင်းဝန်ရုံး ဒုတိယညွှန်ကြားရေး မှူး ဒေါ်မြဇံဝေ။
September 22, 2026
ရခိုင်ပြည်အရေး သတင်းများကို ရေးသားနေသည့် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများအနေဖြင့် သတင်း မှန်ကန် မှု...
အပေါက်ဝကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ ပျက်စီးသွားသည်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် တွေ့ရစဉ်။ / DMG
September 22, 2026
ကုလားတန်မြစ် ကမ်းပါးပြိုကျမှုကြောင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ အိမ်ထောင်စု ၃၀ ကျော်၊...
စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...