KNDF က တပ်ရင်း တစ်ရင်းကိုထပ်မံ တိုးချဲ့

KNDF က တပ်ရင်း တစ်ရင်းကိုထပ်မံ တိုးချဲ့

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ဟာ နောက်ထပ် တပ်ရင်းတစ်ခုဖြစ်တဲ့ တပ်ရင်း ၂၂ ကို ထပ်မံတိုးချဲ့လိုက်တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“တပ်ရင်း ၂၂က ကျနော်တို့ ထပ်တိုးပြီး ဖွဲ့စည်းလိုက်တဲ့ တပ်ရင်းဖြစ်တယ်ပေါ့နော။ အဲဒါက ဒီပင်လောင်းပေါ့နော။ သူက ဒီရှမ်းပြည်နယ်ဘက်ကို နည်းနည်းကျမယ်ပေါ့နော။ အဲဒီဘက်မှာ သူတို့ အခြေချတယ်ပေါ့နော။” လို့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

KNDF Pekhon Zone လူမှုကွန်ယက်စာမျက်နှာမှာလည်း ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ဖယ်ခုံမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ KNDF တပ်ရင်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ တပ်ရင်း ၁၁ ဟာ ဖယ်ခုံမြို့၊ တပ်ရင်း ၃ ဟာ မိုးဗြဲမြို့ နဲ့ တပ်ရင်း ၂၂ ဟာ ပင်လောင်းမြို့ အခြေစိုက်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို KNDF တပ်ရင်း ၂၂ ကို တိုးချဲ့လိုက်တာဟာ ကြာပြီဖြစ်ပြီး အဲဒီဒေသရဲ့ လိုအပ်ချက်အရဖွဲ့စည်းတာဖြစ်တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ဆက် ပြောပါတယ်။

“ကျနော်တို့ KNDF က KNDF တပ်ရင်းတွေက မြို့နယ်အလိုက် သူ့ရဲ့ ဒေသအလိုက် လိုအပ်ချက်တွေအရ ကျနော်တို့ တပ်ရင်းတွေ ထပ်ဖွဲ့လိုက်တာဖြစ်တယ်ပေါ့နော။ အဓိကကတော့ ဒီတော်လှန်ရေးကို စိတ်ဝင်စားတဲ့လူငယ်တွေ ပိုများလာတယ်။ နောက်တစ်ခုက ဒီတော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ချင်တဲ့သူတွေ များလာတယ်။ အဲလိုကြောင့်မလို့ နောက်ဒေသရဲ့ လိုအပ်ချက်တွေအရ တပ်ရင်းတွေဖွဲ့ဖို့ လိုတဲ့ ဒေသတွေမှာ ထပ်ပြီးတော့ တိုးချဲ့ဖွဲ့တာမျိုးတွေလုပ်တာ ဖြစ်တယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

KNDF ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားတဲ့ တော်လှန်ရေးတပ်ပေါင်းစုထဲက တစ်ခုဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်အထိ ကရင်နီပြည်က စစ်ကောင်စီတပ်နဲ့ တော်လှန်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာ ပါဝင်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ကရင်နီပြည်ထဲမှာ KNDF တပ်ရင်း ၂၂ ရင်းအထိ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...