ဖရူဆို၊ မားခရော်ရှေ့ကျေးရွာ တိုက်ပွဲအတွင်း KA ရဲဘော်နှစ်ဦး ကျဆုံးခဲ့

ဖရူဆို၊ မားခရော်ရှေ့ကျေးရွာ တိုက်ပွဲအတွင်း KA ရဲဘော်နှစ်ဦး ကျဆုံးခဲ့

ကရင်နီပြည် ဖရူဆိုမြို့နယ် မားခရော်ရှေ့ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ရက်နေ့က ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကရင်နီတပ်မတော်( KA ) က ရဲဘော်နှစ်ဦးကျဆုံးသွားခဲ့တယ်လို့ ကရင်နီပြည်ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

“ ဖရူဆိုမြို့နယ် မားခရော်ရှေ့ဘက်မှာ စစ်ကောင်စီတပ်စခန်းတစ်ခုရှိတယ်။ အဲဒါကို ဒီက တပ်တွေက ဝင်ပစ်တယ်။ ဝင်ပစ်တော့ သူတို့ အရှေ့ဘက်ဝင်သိမ်းမယ်ပေါ့။ ဒါပေမယ့် လက်နက်ကြီး အရမ်းအများကြီးထုတော့ သူတို့ ပြန်ဆုတ်သွားတာ အဲလောက်ပါပဲ။ ဒီဘက်က နှစ်ဦးကျတယ်။ နောက်ပြီးတော့မှ သုံးလေးယောက်လောက် ဒဏ်ရာရတယ်။ ရန်သူဘက်ကလည်း အကျအဆုံးတွေရှိတယ်။ ၅ယောက်ထက်မနည်းပေါ့နော။ ” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

မားခရော်ရှေ့ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းမှာ တိုက်ပွဲဖြစ်တဲ့ရက်မှာပဲ ဖရူဆိုမြို့ အခြေစိုက် ခလရ ၅၃၁တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လာတဲ့အတွက် ဒေါခရောခူကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် သေးဆူလဲ-နန်းမယ်ခုံတစ်ကြောက ကျေးရွာတွေမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ရက်နေ့ကနေ ဒီဇင်ဘာလ ၇ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီဘက်မှာ စစ်ကောင်စီတပ်က နေရာယူထားတယ်လို့ သိရပါတယ်။

ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စားရင်းအရ နိုဝင်ဘာလ ၂၉ရက်နေ့ကနေ ဒီဇင်ဘာလ ၉ရက်နေ့အထိ ကရင်နီပြည်တွင်းက တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ရဲဘော် ၁၁ဦးရှိနေပြီး KNDF က ၇ဦး၊ KA က ၂ဦး၊ DMO-PDF က ၁ဦးနဲ့ KRU ၁ဦး ဖြစ်ပါတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...